ခြေသလုံးသွယ်ချင်တဲ့သူတွေအတွက် အလွယ်ကူဆုံးသော အကြောဆန့်လေ့ကျင့်ခန်း ၃ မျိုးနဲ့ massage လုပ်နည်း ၂ မျိုးကို မျှဝေပေးလိုက်ပါတယ်။ Workout လုပ်ရမှာလည်းပျင်းတယ်၊ ခြေသလုံးလည်းသွယ်ချင်တယ် ဆိုရင်တော့ ဒီ ၅ မျိုးကိုသာ နေ့တိုင်းလုပ်ပါ။

လေ့ကျင့်ခန်း ၁

ပထမပုံမှာပြထားတဲ့အတိုင်းနေပေးပါ။ ခြေထောက်က ထောင့်ချိုးကျနေရပါမယ်။ ပြီးရင်တော့ ဒုတိယပုံမှာပြထားသလို အနောက်မှာချထားတဲ့ခြေထောက်ကို ကွေးပြီး ခြေဖနောင့်နဲ့ တင်ပါးနဲ့ထိအောင် လက်နဲ့ကိုင်ထားပါ။ စက္ကန့် ၃၀ အဲ့အတိုင်းနေပါ။ ပြီးမှ ပထမပုံထဲကလို ခြေထောက်ပြန်ချပါ။

အဲ့အတိုင်း ဘယ်ညာ တစ်လှည့်စီ တစ်ဖက်ကို စက္ကန့် ၃၀ စီ ပြောင်းလုပ်ပေးရင် ရပါပြီ။ အချိန်ရရင် နောက်တစ်ကြော့လောက် ထပ်လုပ်လိုက်ပါ။

လေ့ကျင့်ခန်း ၂

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကိုကွေး ခြေထောက်တစ်ဖက်က ဘေးကိုဆန့်၊ လက်နှစ်ဖက်က ခြေချောင်းထိပ်လေးတွေကို ရအောင်ထိပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီးရင် ဘယ်ညာပြောင်းပြီး တစ်ဖက်ကို စက္ကန့် ၃၀ စီ လုပ်ပေးရုံပါပဲ။ ဒါလည်း အချိန်ရရင် နောက်တစ်ကြော့ထပ်လုပ်ပါ။

လေ့ကျင့်ခန်း ၃

ပထမပုံထဲကလို ခြေထောက်တစ်ဖက်ကိုကွေး၊ နောက်တစ်ဖက်က အနောက်ကိုဆန့်ထားပါ။ ပြီးရင် ဒုတိယပုံထဲကလို ခြေထောက်ကို လက်နဲ့ယူပြီး ရသလောက်ကွေးကာ စက္ကန့် ၃၀ နေပါ။ အချိန်ပြည့်ရင် ပထမပုံထဲကလို ပြန်နေပါ။

အဲ့အတိုင်း ဘယ်ညာ တစ်လှည့်စီ တစ်ဖက်ကို စက္ကန့် ၃၀ စီ ပြောင်းလုပ်ပေးရင် ရပါပြီ။ အချိန်ရရင် နောက်တစ်ကြော့လောက် ထပ်လုပ်လိုက်ပါ။

Massage

ပထမပုံထဲကလို အရင်နေပြီး လက်နဲ့မြှားပြထားတဲ့အတိုင်း အတွင်းဘက်ကို လက်နဲ့ဆွဲဆွဲယူပြီး massage လုပ်ပေးပါ။ ၁ မိနစ်ပြည့်အောင် နှိပ်ပေးပါ။ အချိန်ပြည့်ရင် ဒုတိယပုံထဲကလို လက်သီးဆုပ်ပြီး ခြေသလုံးအောက်ကို ဆွဲချတာမျိုး massage လုပ်ပေးရမှာပါ။ ဒါလည်း ၁ မိနစ်ပြည့်အောင် လုပ်ရပါမယ်။

ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို စုစုပေါင်း ၂ မိနစ်စီ massage လုပ်ပေးရမှာ ဖြစ်ပါတယ်။

Massage

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့ ခြေသလုံးကိုကိုင်ပြီး အောက်ကိုဆွဲချတဲ့ပုံစံမျိုး massage လုပ်ပေးပါ။ ၂ မိနစ်လောက် massage လုပ်ပေးပါ။ အချိန်ပြည့်ရင် နောက်တစ်ဖက်ကိုလည်း ၂ မိနစ်ထပ်ပြီး massage လုပ်ပေးပါ။