ဆံပင်ကောက်ထားရင် လူကြီးဆန်တယ်လို့ပဲ ပြောကြတာများပါတယ်။ တကယ်တော့ ကိုယ်ပြင်ဆင်လိုက်တဲ့ပုံစံနဲ့ပဲ ဆိုင်ပါတယ်။ ဆံပင်ကောက်ထားလည်း ချစ်စရာကောင်းတဲ့ပုံစံလေးပြင်ရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းနေမှာပါပဲ။ ဒါကြောင့် ဆံပင်ကောက်ထားတဲ့ ကောင်မလေးတွေအတွက် ကိုရီးယားဆန်တဲ့ အလွယ်ကူဆုံး ဆံပင်ပြင်ဆင်ပုံ ၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ကောက်ထားတဲ့ဆံပင်ကို ဖားလျားချပြီး အရှေ့ဆံမြိတ်လေးညှပ်ကာ ရှေ့ဆံပင်ကိုပါ ပုံသွင်းပြီး နည်းနည်းလေးကောက်လိုက်ပါ။ ပြီးရင်တော့ တစ်ဖက်ကို ကလစ်လှလှလေး၊ အခုခေတ်စားနေတဲ့ ကလစ်လေးတွေတပ်လိုက်ရုံပါပဲ။

ခုနကကိုပဲ အရှေ့ဆံပင်လေးကို ပုံသွင်းပြီး နည်းနည်းလေးကောက်ပါ။ ပြီးရင် ကျစ်ဆံမြီး နှစ်ဖက်ခွဲကျစ်ပေးပါ။ ကိုရီးယားဆန်တဲ့ပုံစံလေးဖြစ်အောင် ကျစ်ဆံမြီးကိုကျစ်ပြီးရင် ပွပွလေးဖြစ်သွားအောင် ဆံစလေးတွေ နည်းနည်းဆွဲပေးပါ။

အရှေ့ဆံပင်လေးကို နည်းနည်းကောက်ပြီး ပုံသွင်းပါ။ ပြီးရင် ဆံထုံးမြင့်မြင့်လေးထုံးပေးပါ။ ဒါကတော့ ကိုရီးယားမလေးတွေထုံးနေကျ၊ လုပ်နေကျ ဆံပင်ပုံစံလေးဖြစ်တာကြောင့် ချစ်ဖို့အရမ်းကောင်းပါတယ်။