ဆောင်းရာသီမှာဆိုရင် နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲတာ လူတိုင်းလိုလိုဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းအတွက် အသုံးဝင်စေမယ့် ဆောင်းရာသီအတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး Lip Care နည်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးနည်းလမ်းကတော့ သကြားညိုနဲ့ ပျားရည်ကို ဆတူရောမွှေပေးပါ။

ရေနွေးငွေ့နဲ့ ပေါင်းခံထားတဲ့ Towel ကို နှုတ်ခမ်းမှာ ၂ မိနစ်လောက် ကပ်ထားပေးပါ။

ပြီးမှ သကြားညိုနဲ့ပျားရည် ရောမွှေထားတာကို လက်နဲ့ယူပြီး Lip Scrub လုပ်ပေးပါ။ နှုတ်ခမ်းမှာ ပွတ်ပေးပါ။ ပွတ်ပြီးရင် ၁၅ မိနစ်ထားပြီးမှ ရေကြက်သီးနွေးလေးနဲ့ နှုတ်ခမ်းကို ညှင်ညှင်သာသာ ပွတ်ဆေးပေးပါ။

နောက်ဆုံးမှာတော့ Lip Balm လေး ပြန်ဆိုးပေးထားပါ။

ဒုတိယနည်းလမ်းကတော့ ညအိပ်ယာဝင်ခါနီးမှာ Vaseline ကို လက်နဲ့များများယူပြီး နှုတ်ခမ်းမှာ ပွတ်လိမ်းပေးထားပါ။

မနက်ရောက်ရင် Cotton Pad ထဲကို Toner ထည့်ပြီး နှုတ်ခမ်းကို ပွတ်ပေးပါ။

ပြီးရင်တော့ နှုတ်ခမ်းအတွင်းသားလေးတွေကို ဂွမ်းတံလေးနဲ့ လိုက်ပွတ်ပေးပါ။

အားလုံးပြီးရင် မျက်နှာသစ်ပြီး Lip Balm ပြန်ဆိုးပေးပါ။

နောက်ဆုံးနည်းလမ်းကတော့ နှုတ်ခမ်းနီဆိုးပြီး Lip Care လုပ်မှာပါ။

နှုတ်ခမ်းနီမဆိုးခင်မှာ Cotton Pad ထဲကို Makeup Remover ထည့်ပြီး နှုတ်ခမ်းကို ပွတ်ပေးပါ။ ပြီးရင်တော့ Lip Balm ဆိုးပေးပါ။ Lip Balm ဆိုးပြီးမှသာ ကိုယ်ဆိုးချင်တဲ့ နှုတ်ခမ်းနီကိုဆိုးပါ။ Lip Tint လေးတွေ၊ Lip Gloss လေးတွေ ဆိုးပေးတာတော့ အကောင်းဆုံးပါပဲ။ Matte Type ဆိုးမယ်ဆိုရင်တော့ Lip Balm များများခံဆိုးပါ။

Source:www.wishtrendtv