ဆံသားထိန်းသိမ်းချင်တဲ့ မိန်းကလေးတွေက ခေါင်းလျှော်၊ conditioner သုံးတာလောက်ပဲ မလုပ်ပါနဲ့။ Hair mask တွေ hair spa တွေလည်း လုပ်ပေးပါ။ ဒီတစ်ခါမှာတော့ အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ ထိရောက်သော hair spa လုပ်နည်း ၃ မျိုးကို ပြောပြပေးလိုက်ပါတယ်။ ကိုယ်နှစ်သက်ရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

Olive Oil Hair Spa

သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ ဇွန်းစာလောက် ယူပြီးလိမ်းပေးပါ။ ပြီးရင် ဦးရေပြားကို massage လုပ် နှိပ်နယ်ပေးပါ။ Towel ကို ရေနွေးစိမ်ပြီး ရေညှစ်ချပါ။ ပြီးရင် အဲ့ဒီ towel နဲ့ ၁၅ မိနစ်လောက် ခေါင်းပေါင်းထားပါ။ အချိန်ပြည့်ရင် mild shampoo နဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုတော့ တစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။

ရရှိလာမယ့်ကောင်းကျိုးကတော့ ဆံသားပျက်စီးတာတွေ သက်သာစေပြီး ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ရရှိစေပါတယ်။ ဆံသားတောက်ပြောင်စေပါတယ်။

Banana Hair Spa Treatment

ငှက်ပျောသီးအမှည့် – ၁ လုံးကို သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး ချေပေးပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံသားအနှံ့ ပွတ်လိမ်းပြီး ခုနကလိုပဲ ရေနွေးစိမ်ပြီး ရေညှစ်ချထားတဲ့ towel နဲ့ ပေါင်းထားပါ။ မိနစ် ၃၀ ပေါင်းထားပြီးမှ mild shampoo နဲ့ ခေါင်းလျှော်ချပါ။ ဒီနည်းလမ်းကိုလည်း တစ်ပတ်တစ်ကြိမ် (သို့) ၂ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။

ရရှိလာမယ့်ကောင်းကျိုးကတော့ ဆံသားဖွာတာ၊ ဆံသားခြောက်တာ၊ ဆံပင်အဖျားနှစ်ခွဖြစ်တာတွေ သက်သာစေပြီး ဆံသားကျန်းမာစေပါတယ်။

Beer Hair Spa Treatment

Mild shampoo နဲ့ ခေါင်းလျှော်ပါ။ ပြီးမှ beer – တစ်ပိုင့်ကို ခေါင်းလောင်းချပြီး ဦးခေါင်းကို massage လုပ် နှိပ်နယ်ပေးပါ။ ပြီးရင် အနည်းဆုံး ၂ မိနစ်ထားပြီးမှ ရေအေးနဲ့ ခေါင်းပြန်လျှော်ချပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။

ရလာမယ့်ကောင်းကျိုးကတော့ ဆံသားချောမွေ့တောက်ပြောင်စေပြီး ဆံသားပျက်စီးတာတွေ သက်သာလာပါမယ်။ ဆံပင်အုံထူလာစေပါမယ်။