အသားအရေမှာ ချွေးပေါက်လေးတွေ သန်းနဲ့ချီပြီးရှိနေပါတယ်။ ချွေးပေါက်လေးတွေကြောင့် အဆီပြန်တာ ဖုန်နဲ့အညစ်အကြေးတွေ အလွယ်ကူကပ်ညှိတာ၊ ဝက်ခြံထွက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ချွေးပေါက်လေးတွေကို ပျောက်ကင်းစေဖို့အတွက် သဘာဝနည်းလမ်း ၄သွယ်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ပန်းသီးရှာလကာရည်သုံးပါ။

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ စားပွဲတင်ဇါန်း ၅ ဇွန်း ကိုရောပြီး စပရေးဘူးအလွှတ်ထဲမှာထည့်ထားပါ။ မျက်နှာသစ်ပြီးရင် အဲဒါနဲ့ဖျန်းလိုက်ပြီး ခြောက်အောင်ထားပါ။ အဲဒီအရည်ကို Moisturizer အဖြစ် အသုံးပြုနိုင်ပါတယ်။

အသားအရေရဲ့ PH အဆင့်ကိုထိန်းညှိပေးလို့ အရေပြားကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးနိုင်မှာပါ။

၂။ ရှားစောင်းလက်ပက်ကို ညဖက်မှာလိမ်းမယ်

ညဖက်အိပ်ယာမဝင်ခင်မှာ ရှားစောင်းလက်ပက်လိမ်းပြီးအိပ်ပါ။ မနက်မိုးလင်းရင် မျက်နှာသစ်ချပါ။ အသားအရေကို စိုပြေစေရုံသာမက အဆီနဲ့အညစ်အကြေးတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

၃။ ကြက်ဥအကာ

ကြက်ဥအကာ ၁ လုံး

ကွေကာအုပ် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

စတဲ့ပါဝင်ပစ္စည်းတွေကိုရောပြီး မျက်နှာပေါ်လိမ်းကာ မိနစ် ၃၀ လောက်ထား အခြောက်ခံပါ။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ချပါ။

၄။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ ၁ မိနစ်လောက်ထားပြီး ရေဆေးချပါ။

ဒီနည်းလမ်းတွေကို ၃ ရက် ၄ ရက်လောက်လုပ်ပေးရင် လုံလောက်ပါပြီ။ မုန့်ဖုတ်ဆိုဒါနဲ့ မျက်နှာသန့်စင်ပေးပြီးတိုင်း Moisturizer လိမ်းပေးဖို့မမေ့ပါနဲ့။