သင်က အချိန်တိုအတွင်း ဝိတ်မြန်မြန်ကျစေမယ့် Diet လုပ်နည်းတွေကို စမ်းကြည့်ချင်သူ တစ်ယောက်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲနော်။ ဒီတစ်ခေါက်မှာ နာမည်ကြီး Idol တစ်ဦးဖြစ်တဲ့ Mamamoo အဖွဲ့ဝင် Solar ရဲ့ ၃ရက်အတွင်း ၅ ပေါင်နီးပါးကျသွားစေမယ့် အသီးအဓိကစားပေးရတဲ့ Diet Plan အကြောင်းကို မျှဝေပေးသွားမှာပါ။

အမျိုးသမီး Kpop Idol တော်တော်များများဟာ သူတို့လုပ်လေ့ရှိတဲ့ Diet နည်းတွေကို ပရိသတ်တွေဆီ မျှဝေလေ့ရှိကြသလို ဒီထဲမှာ Solar လည်းအပါအဝင်ပါပဲ။ သူမဟာ “Solarsido” ဆိုတဲ့ ကိုယ်ပိုင် Youtube Channel ကတစ်ဆင့် သူမရဲ့ Lifestyle အကြောင်းလေးတွေနဲ့အတူ ကိုယ်တိုင်လုပ်ခဲ့တဲ့ Diet Plan ကိုပါ ပရိသတ်တွေလိုက်လုပ်နိုင်အောင် မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ တစ်နေ့သုံးနပ်ပါဝင်ပြီး အသီးအနှံအဓိက စားပေးရတဲ့ Diet နည်းဖြစ်တာကြောင့် ကျန်းမာရေး အတွက် ဥပဒ်မဖြစ်ဘဲ ဝိတ်အမြန်ကျပြီး အချိန်တိုအတွင်း ခန္ဓာကိုယ်ပေ့ါပါးသွားချင်တဲ့သူတွေ စမ်းကြည့်သင့်တဲ့ နည်းလေးလို့လည်း ပြောလို့ရပါတယ်။ Youtuber မိန်းကလေးတော်တော်များများကလည်း Solar ရဲ့နည်းအတိုင်း စမ်းလုပ်ကြည့်ခဲ့ကြပြီး သိသာတဲ့ ရလဒ်တွေရခဲ့ကြတာကိုလည်း တွေ့ရပါတယ်နော်။

အရင်ဆုံး Diet မလုပ်ခင် ကိုယ့်ရဲ့လက်ရှိဝိတ်ကို အရင်ချိန်ပေးရပါမယ်။ Solar ရဲ့ သုံးရက်တာ Diet Plan အတွက် သုံးရက်လုံးပုံစံတူစားသုံးပေးဖို့လိုပြီး နေ့လည်စာကို နှစ်ခါခွဲစားပေးရမှာပါ။


မနက်စာအတွက်  ပဲနို့တစ်ဗူး၊ ကန်စွန်းဥပြုတ်တစ်လုံးနဲ့ ပန်းသီးအလုံးကြီး တစ်ခြမ်းစားပေးပါ။

ပန်းသီးက အမျှင်ဓာတ်နဲ့ Antioxident ကြွယ်ဝတာကြောင့် အပူစင်ကာ ဝမ်းမှန်စေပြီး အသားအရေ အလှအပအတွက်လည်း အကျိုးပြုပေးပါတယ်။

ပထမနေ့လည်စာကိုတော့ ဆန်လုံးညို ပန်းကန်လုံး တစ်ဝက်ခန့် ၊ ကြက်ရင်ပုံနဲ့ စပျစ်သီး ၁၅ လုံးခန့်စားရမှာပါ။ ဆန်လုံးညိုက ဗိုက်အဆာခံပြီး အစားစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်သလို အဆီမပါဘဲ ရေလုံပြုတ်ထားတဲ့ ကြက်ရင်ပုံကတစ်ဆင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပရိုတင်းဓာတ်ကိုရစေပါလိမ့်မယ်။

နေ့လည်စာ နှစ်ခါခွဲစားတာက အစာကြေလွယ်ပြီး နေ့လည်ဘက်အဆာပြေစားချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဒုတိယနေ့လည်စာကိုတော့ တည်သီးတစ်လုံးကို ကြက်ရင်ပုံအနည်းငယ်နဲ့တွဲစားတာမျိုး ပြုလုပ်နိုင်ပါတယ်။

ညစာကိုတော့ ကြက်ဥပြုတ်နှစ်လုံး၊ တည်သီးတစ်လုံးစားပေးပါ။ တည်သီးမှာ ခန္ဓာကိုယ်အကျိုးပြု ဗီတာမင်ဓာတ်များစွာပါဝင်ပြီး အစာကြေလွယ်ကာ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။

ကြက်ဥစားတဲ့အခါ ကိုလက်စထရောပမာဏများမှာ စိုးရိမ်တဲ့သူတွေအနေနဲ့ကတော့ ကြက်ဥအကာ သီးသန့်စားတာမျိုးပြုလုပ်ပေးနိုင်ပါတယ်။

ဒီပုံစံအတိုင်း သုံးရက်လောက်ပဲစားလိုက်ရုံနဲ့ အနည်းဆုံး ၄ ပေါင်လောက်ကျစေမှာဖြစ်လို့ အားလပ်ရက်မှာ Diet လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source: solarsido youtube