မင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆံကေသာကို ပုံစံအမျိုးမျိုးလုပ်ရတာ စိတ်ဝင်စားတဲ့သူတွေအတွက် ဆံပင်ပုံစံတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပုံစံ (၁)

အရင်ဆုံး ခေါင်းကိုသေချာဖြီးလိုက်ပြီး ဆံပင်ကို အနည်းငယ်ကောက်လိုက်ပါ။ (အဖြောင့်အတိုင်းကြိုက်ရင်လည်း အဖြောင့်အတိုင်းပဲထားပါ။)

ပြီးရင်ဆံပင်ကို ဘေးခွဲပေးပြီး ကျစ်ဆံမြီးကျစ်ပေးလိုက်ပါ။

အဆုံးထိကျစ်ပေးပြီးရင် ကျန်တဲ့တစ်ဖက်က ဆံပင်ကို ရစ်လိုက်ပြီး စောစောက ကျစ်ဆံမြီးကျစ်ထားတာနဲ့ စုကာ စည်းပေးလိုက်ပါ။

ပြီးသွားရင်တော့ ကလစ်ပန်ပေးလိုက်ပါ။

ပုံစံ (၂)

သင့်ရဲ့ ဆံပင်တွေကို ခေါင်းသေချာဖြီးပေးလိုက်ပြီး ဘေးစောင်းလေး ကျစ်ပေးလိုက်ပါ။

ပြီးသွားရင် ဆံပင်အောက်ပိုင်းကို အခုပုံမှာပြထားသလို ထည့်လိုက်ပြီး ကလစ်ညှပ်ပေးလိုက်ပါ။

ကလစ်ကို သေချာလေး ညှပ်ပေးပါ။ ရပါပြီနော်။

ပုံစံ (၃)

အရင်ဆုံး ဆံပင်ကို သေချာဖြီးလိုက်ပါ။ ဘေးနှစ်ဖက်က ဆံပင်နည်းနည်းစီကို ယူလိုက်ပါ။

ပြီးရင် အဲဒီနှစ်ခုကို ကြက်ခြေခတ်လို ထပ်လိုက်ပြီး ကျစ်တဲ့ ဆံပင်တွေကို စည်းပေးလိုက်ပါ။

အပေါ်ကနေ ခေါင်းစည်းကြိုးနဲ့ စည်းပေးလိုက်ပါ။

ပိုပြီးလှအောင် ဘီးကုပ်လေး တပ်ပေးလို့ရတယ်နော်။