ဆံပင်ဂုတ်ဝဲနဲ့ကောင်မလေးတွေအတွက် ချစ်စရာကောင်းပြီး ရိုးရှင်းတဲ့ ဆံပင်ပြင်ဆင်ပုံ ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ မျက်နှာရှင်းရှင်လေးဖြစ်နေတာမျိုးကို ကြိုက်ရင်တော့ ဒီဆံပင်ပုံစံလေးတွေကိုလည်း သဘောကျမှာ သေချာပါတယ်။

ဆံပင်ကို အရင်ဆုံး ဖြောင့်စက်နဲ့ လိပ်အောင် ပုံသွင်းပေးရမှာပါ။ ဒါမှ ဆံပင်က ပိုပြီးပြင်ဆင်လို့ ကောင်းမှာပါ။

ဆံပင်ပုံသွင်းပြီးရင်တော့ တစ်ဝက်ယူပြီး သရေကွင်းနဲ့ စည်းပေးပါ။ ပြီးရင် အလယ်ကိုခွဲပြီး စည်းထားတဲ့ ဆံပင်လေးကို လိပ်ထည့်ပေးရမှာပါ။ ဒါကတော့ လူတိုင်းလိုလိုလုပ်နေကျမို့ လုပ်တတ်မယ်လို့ ထင်ပါတယ်။

အောက်မှာကျန်တဲ့ဆံပင်တွေကို နှစ်ဖက်ခွဲပြီး သရေကွင်းနဲ့ စည်းပေးပါ။ ပြီးရင် ခုနကလိုပဲ အလယ်ခွဲပြီး စည်းထားတဲ့ဆံပင်ကို လိပ်ထည့်ပေးပါ။ လိပ်ထည့်ပြီးရင် ဆံပင်ကို အောက်ကျမနေအောင် ကလစ်နဲ့ ညှပ်ပေးပါ။

အားလုံးပြီးရင်တော့ အလှဖဲပြားလေး တပ်ပေးလိုက်ရုံပါပဲ။ အရှေ့ဆံပင်လေးကို ပုံမှာပြထားတဲ့အတိုင်း ချထားရင်တော့ ပိုပြီး လှပါတယ်နော်။

နောက်ထပ်ဆံပင်ပြင်ဆင်ပုံမှာလည်း ပထမဟာလိုပဲ ဆံပင်ကို တစ်ဝက်ယူပြီး သရေကွင်းနဲ့ စည်းပေးပါ။ ပြီးရင် အလယ်ကိုခွဲပြီး စည်းထားတဲ့ ဆံပင်လေးကို လိပ်ထည့်ပေးပါ။

အောက်မှာကျန်တဲ့ဆံပင်တွေကို အကုန်စုစည်းပြီး ခုနကလိုပဲ အလယ်ခွဲပြီး စည်းထားတဲ့ဆံပင်ကို ထည့်ပေးပါ။

ပြီးရင်တော့ ထွက်နေတဲ့ဆံပင်လေးတွေကိုသိမ်းပြီး အလှကလစ်လေးတပ်ပေးပါ။

နောက်ဆုံးဆံပင်ပြင်ပုံမှာတော့ အရှေ့ဆံပင်ကိုများများလေးချန်ပြီးမှ တစ်ဝက်စည်းပေးပါ။ တစ်ဝက်စည်းပြီးရင်တော့ ခုနကလိုပဲ အလယ်ခွဲပြီး စည်းထားတဲ့ဆံပင်ကို လိပ်ထည့်ပေးပါ။

ခုနကချန်ထားတဲ့ဆံပင်တွေကိုယူပြီး ကျစ်ဆံမြီးကျစ်ပေးပါ။ နှစ်ဖက်လုံး ကျစ်ဆံမြီးကျစ်ပြီးရင် အနောက်မှာ စုစည်းပြီး ကလစ်လေးနဲ့ ညှပ်ပေးပါ။

ဒါဆိုရင်တော့ ချစ်စရာကောင်းတဲ့ ဆံပင်ပုံစံလေး ဖြစ်သွားပါပြီ။

Source:www.allthingshairthailand