ကိုယ့်ချစ်သူဆီကနေ ခဏခဏစိတ်ဆိုးတာကိုခံနေရတဲ့သူတွေ အများကြီးပါ။ နည်းနည်းလောက်မှားလိုက်တာနဲ့ စိတ်ဆိုးပြီး အရင်ကိစ္စတွေပါ ပြန်ပြောခံရတာမျိုးလည်း ဖြစ်ဖူးကြမှာပါ။ အပြစ်မလုပ်ထားပဲနဲ့ အကြောင်းအရင်းမရှိ စိတ်ဆိုးခံရတာမျိုးလည်း ခံစားဖူးကြမှာပါ။ သင့်ချစ်သူကောင်မလေးက သင့်အပေါ်မှာ ဒီလိုမျိုးတွေ ခဏခဏစိတ်ဆိုးနေတဲ့ အဓိကအကြောင်းအရင်းကတော့ ဒီ ၃ ခုကြောင့်ပဲ ဖြစ်ဖို့များပါတယ်။

ဂရုမစိုက်လို့

မိန်းကလေးတွေက အရမ်းဂရုစိုက်တာခံချင်ပါတယ်။ အသေးအမွှားလေးကအစ ဂရုစိုက်ခံချင်ကြတဲ့သူတွေပါ။ တချို့ယောင်္ကျားလေးတွေကျတော့လည်း ချစ်ပေမယ့် ဂရုမစိုက်ပြတတ်တာ၊ သိပ်ပြီးဂရုမစိုက်တာမျိုးတွေ ရှိပါတယ်။ ဒီလိုဂရုစိုက်မခံရတဲ့အခါ မိန်းကလေးတွေဘက်က အလိုမကျဖြစ်ပြီး ခဏခဏ စိတ်ဆိုးစိတ်ကောက်တတ်ပါတယ်။ သူ့ကိုဂရုမစိုက်လို့ စိတ်ဆိုးတယ်ဆိုတာမျိုးကို ထုတ်ပြောတဲ့အခါလည်းရှိသလို၊ တစ်ခါတစ်လေကျရင်လည်း ဘာကြောင့် စိတ်ဆိုးတယ်ဆိုတာကိုမပြောပဲ သင့်ဘက်က စကားနည်းနည်းလောက် မှားသွားတာနဲ့ ရောပြီးစိတ်ဆိုးချလိုက်တာပါပဲ။

မကြိုက်တာလုပ်မိလို့

တချို့ကောင်မလေးတွေကျတော့ အရမ်းချုပ်ချယ်တတ်တယ်။ စိတ်ဆိုးစိတ်ကောက်တာ အရမ်းသန်တယ်။ အဲ့လိုလူမျိုးတွေကို ချစ်သူတော်ထားပြီဆိုရင်တော့ သူမကြိုက်တာတွေမလုပ်မိဖို့ သတိထားရမှာပါပဲ။ သူတို့တွေက ကိုယ်မကြိုက်တာလုပ်မိတာနဲ့ စိတ်ဆိုးပြီး ပြောမပြီးတော့တာမျိုးတွေပါ။ ဒါ့အပြင် တချို့ကောင်မလေးတွေဆိုရင် မှတ်ထားပြီး အရင်က သူမကြိုက်တာကို သင်လုပ်ခဲ့တာတွေပါ ပြန်ပြောပြီး စိတ်ဆိုးလေ့ရှိပါတယ်။ အဲ့တော့ နည်းနည်းလောက်ဖြစ်တာနဲ့ ခဏခဏကိုစိတ်ဆိုးနေတော့တာမျိုးပေါ့။

လိမ်ညာပြီးကတိမတည်လို့

လိမ်ညာတာတွေ၊ ကတိမတည်တာတွေကတော့ မိန်းကလေးတင်မဟုတ်ပါဘူး၊ ယောင်္ကျားလေးတွေလည်း လုံးဝမကြိုက်တဲ့အရာပါ။ ကိုယ့်ဘက်က လိမ်ညာတာ၊ ကတိမတည်တာတွေက ခဏခဏဖြစ်လာမယ်ဆိုရင်တော့ သင့်ကောင်မလေးက သင့်ကိုခဏခဏစိတ်ဆိုးနေမှာပါပဲ။ စကားများရန်ဖြစ်တိုင်းမှာလည်း သင်လုပ်ခဲ့တာတွေကို ပြန်ပြောပြီး စိတ်ဆိုးတတ်ပါသေးတယ်။

photo source: www.freepik.com