သင်က ပြေးတာကို သဘောမကျဘူးဆိုရင်တော့ ဒီလေ့ကျင့်ခန်း သုံးခုကိုပြုလုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်း (၃) ခုလုံးက အိမ်မှာပြုလုပ်နိုင်တဲ့အပြင် ဘာကိရိယာမှလည်း မလိုအပ်ပါဘူး။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ Burpee

Photo Source: Popsugar.com
ဒီလေ့ကျင့်ခန်းကို ၁၀ မိနစ်လုပ်ပေးရုံနဲ့ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းပါတယ်။ ဒါပေမဲ့ စစချင်းတော့ ၁၀ မိနစ်တောက်လျှောက်ဘယ်သူမှ လုပ်နိုင်မှာမဟုတ်ပါဘူး။ Burpee က သင့်တစ်ကိုယ်လုံးက အဆီကို ချပေးနိုင်ပါတယ်။ သက်လုံပိုကောင်းစေပါတယ်။

ပြုလုပ်ပုံ

  • ပထမဆုံး လက်နှစ်ဖက်ကို ပုံထဲကအတိုင်း ထောက်ပေးရပါမယ်။
  • ပြီးနောက် ခုန်ပြီးတော့ ဒိုက်ထိုးတဲ့ပုံစံလုပ်ရပါမယ်။
  • ဒိုက်တစ်ခါထိုးပြီးနောက် နဂိုပုံစံ လက်နှစ်ဖက်ထောက်တဲ့ဆီသွားရပါမယ်။
  • ပြီးရင်တော့ မတ်တပ်ရပ်ပြီး တစ်ခါ ခုန်ပေးရပါမယ်။ လက်ခုပ်တီးလို့လည်းရပါတယ်။
  • ဒါကို ထပ်ခါထပ်ခါ လုပ်ပေးရပါမယ်။ တစ်မိနစ်အတွင်း Burpee အကြိမ် ၂၀ ရပါတယ်။ စစချင်း နည်းနည်းစီနဲ့ တစ်ရက်ပြီးတစ်ရက် တိုးလုပ်ရပါမယ်။

၂။ Kickboxing

လေထဲမှာ လက်သီးထိုးရတာပါ။ မိနစ် ၆၀ အတွင်း ကယ်လိုရီ ၃၅၀ ကနေ ၄၅၀ လောင်ကျွမ်းနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက သင့်ကြွက်သားတွေကို သန်မာစေပြီး အဆီကျစေပါတယ်။

ပြုလုပ်ပုံ

  • ခြေနှစ်ဖက်ကို ပုခုံးအကွာအဝေးချဲထားရပါမယ်။ လက်မောင်းနှစ်ဖက်က ဘေးတစ်ဖက်တစ်ချက်မှာ ကပ်ထားရပါမယ်။ သင့်လက်သီးကို ရင်ဘတ်နားမှာ ထားရပါမယ်။
  • ညာဘက်ခြေထောက်နဲ့ ရှေ့ကို တစ်ဝက် Lunge လုပ်ပေးရပါမယ်။ ဒီအချိန် ညာဘက်ကို တံတောင်နဲ့ တွတ်ရပါမယ်။ ကိုယ့်လက်ဦးတည်ချက်က မြေကြီးနဲ့ မျဉ်းပြိုင်ဖြစ်နေရပါမယ်။ ပြီးနောက်် နဂိုပုံစံပြန်သွားရပါမယ်။
  • ပြီးရင်တော့ ပုံ ၃ ထဲကလို ဘယ်ဘက်လက်နဲ့ ဘယ်ဘက်ခြေထောက်ကို မြှောက်ပေးရပါမယ်။ ညာဘက်ဒူးကို ထိန်းထားပြီး တစ်ဖြောင့်တည်းဖြစ်နေရပါမယ်။
  • တစ်ဘက်စီအတွက် နှစ်ခါ လုပ်ပေးရပါမယ်။ ၄၅ စက္ကန့်ကြာပြီးနောက် ၁၅ စက္ကန့် နားပေးရပါမယ်။

၃။ Knee smashes

ဒီလေ့ကျင့်ခန်းကလည်း ကယ်လိုရီအများအပြားလောင်ကျွမ်းစေတဲ့လေ့ကျင့်ခန်းပါ။

ပြုလုပ်ပုံ

  • လက်မြှောက်ရပါမယ်။
  • ဘယ်ဘက်ဒူးကို မြှောက်ပြီး တစ်ချိန်တည်းမှာ လက်ကို အောက်ချပေးရပါမယ်။
  • ဒူးကို ရင်ဘတ်နဲ့နီးတဲ့အထိ ဆွဲပေးရပါမယ်။ လက်မောင်းကို အောက်ဆွဲချပေးရပါမယ်။
  • ပြီးရင်တော့ နဂိုပုံစံသွားပေးရပါမယ်။
  • တစ်ဘက်စီအတွက် တစ်မိနစ် စုစုပေါင်း နှစ်မိနစ်လုပ်ပေးရပါမယ်။ တဖြည်းဖြည်းအရှိန်မြန်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းတွေကို ပိုထိရောက်ဖို့ အစားအသောက်နဲ့လည်း ပေါင်းစပ်ပေးရပါမယ်။

Source: Brightside.me

By MyStyle Myanmar