သူငယ်ချင်း သုံးယောက် အဖွဲ့က တခြား သူငယ်ချင်း အဖွဲ့တွေထက် ထူးခြားပါတယ်။ သုံးယောက် ဖြစ်ခြင်းရဲ့ကောင်းကျိုးတွေက တစ်ယောက်နဲ့ တစ်​ယောက် ပြဿနာ တက်ရင် ကျန်တဲ့ သူက ဝင်ရှင်းပေးနိုင်တာကြောင့်Balance ပိုဖြစ်ပါတယ်။

သူငယ်ချင်း သုံးယောက် ဖြစ်တာကြောင့် ငွေသုံးရမယ်ဆိုရင်လည်း ညီတူညီမျှ အကုန်အကျ သက်သက်သာသာနဲ့သုံးနိုင်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ အခင်ဆုံး နှစ်ယောက် ပိုင်ဆိုင်တာကြောင့် ဘဝမှာ ယုံကြည်ရသူ နှစ်ယောက်ရှိတယ်ဆိုတဲ့ စိတ်နဲ့ တွေးလိုက်တိုင်း ကြည်နူးနေမှာပါ။

သင့်အခင်ဆုံး သူငယ်ချင်း ၂ ယောက် နဲ့ ဓာတ်ပုံ တူတူ ရိုက်ဖူးမှာပါ။ တစ်ချိန်ချိန် သင်တို့ သုံးယောက်လုံးအသက်အရွယ် တစ်ခု ရောက်တဲ့အခါ ပုံအဟောင်းလေးတွေကို အတူတူကြည့်ရင်း အမှတ်တရတွေကို တူးဖော်နိုင်ပါတယ်။ ပြဿနာ တစ်ခုရှိတာက သုံးယောက်ဆိုရင် ဘယ်လိုပို့စ်ပေးရမှန်း မသိတာပါ။ သင်နဲ့ သင့်သူငယ်ချင်းတွေက ပို့စ်ဘယ်လို ပေးရမှန်း မသိရင်တော့ အောက်ဖော်ပြပါ ပို့စ်တွေအတိုင်း ကြိုးစားကြည့်နိုင်ပါတယ်။

ကောင်းကင် ကို နောက်ခံထားပြီး သုံးယောက်လုံး ကင်မရာကို ကြည့်နေတဲ့ပုံစံ

မျက်နှာမပါချင်တဲ့ သူတွေအတွက် ကြည်နူးစရာ အရိပ်ပုံစံ Pose

သူငယ်ချင်း သုံးယောက် လမ်းလျှောက်ပြီး ရယ်မောနေတဲ့ ပုံစံ

Mirror Selfie

နောက်ခိုင်းပြီး သုံးယောက်လုံး ရှုခင်းကြည့်နေတဲ့ ပုံစံ

ဆိုင်တစ်ဆိုင်မှာ သုံးယောက်ထိုင်ပြီး လက်နှစ်ဘက် ထောက်ထားတဲ့ ပို့စ်

တစ်ယောက်ပေါ် တစ်ယောက် မှီထားတဲ့ ပို့စ်

နောက်ခံမြက်ခင်းစိမ်းနဲ့ သဘာဝဆန်ဆန်

ချစ်စရာ ပို့စ် တစ်မျိုးဆီ ပေးမယ်

သုံးယောက်လုံး နောက်ပြန်လှည့်ကြည့်တဲ့ ပို့စ်

သင်တို့ အကြိုက်ဆုံး ပို့စ်ပုံစံက ဘာဖြစ်မလဲ ပြောပြခဲ့ပါဦး။ သင့်သူငယ်ချင်းတွေကိုလည်း Mention ခေါ်ဖို့ မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar