အထူးသဖြင့် မိန်းကလေးတွေဟာအလှပအတွက်ဆိုရင် ငွေကြေးတွေကို အများကြီးသုံးလိုက်လည်း မနှမျောကြပါဘူး။ သူတို့မှာ ဒီလိုသုံးလိုက်တဲ့ ငွေကြေးကနေ အကျိုးကျေးဇူးတွေကို မျှော်လင့်ထားလို့ပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အရာအားလုံးကို အများကြီးမျှော်လင့်ထားလို့မရပါဘူး။ တခါတလေ ဈေးကြီးတဲ့ ကုန်ပစ္စည်းတွေက ကိုယ်နဲ့ အဆင်မပြေတာရှိသလို၊ တခါတလေ ဈေးသက်သာပေမယ့်လည်း ကိုယ်နဲ့ အဆင်ပြေသွားတဲ့ကုန်ပစ္စည်းတွေလည်းရှိပါတယ်။

နှုတ်ခမ်းသား အသားအရေ နူးညံ့စိုပြေစေမယ့် နည်းလမ်း

မိန်းကလေးတို့ရဲ့ ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုကိုပြောပါဆိုရင် နှုတ်ခမ်းသားကိုပဲပြောရမှာပါ။ တကယ်လို့ မိတ်ကပ်လိမ်းပြီး နှုတ်ခမ်းနီဆိုးမလို့ကြည့်လိုက်ချိန်မှာ နှုတ်ခမ်းသားက ခြောက်သွေ့အက်ကွဲနေရင် သင်ဘယ်လိုမှအဆင်ပြေနိုင်မှာမဟုတ်သလို ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိစေမှာမဟုတ်ပါဘူး။ နည်းလမ်းကောင်းကို မျှဝေပေးတော့မယ်နော်။

ညဖက်

အိပ်ယာမဝင်ခင်မှာ နှုတ်ခမ်းသားကို ကြည့်လိုက်ပါ။ ခြောက်သွေ့အက်ကွဲနေတယ်ဆိုရင်တော့ နှုတ်ခမ်းကို အဆီတစ်ခုခု ဆိုးပေးဖို့လိုအပ်နေပါပြီ။ ဆိုးပြီးသွားရင် သကြားကို နှုတ်ခမ်းပေါ်မှာ ပွတ်လိုက်ပါ။

သကြားက နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး သင့်နှုတ်ခမ်းသားကို နူးညံ့စိုပြေလာစေမှာဖြစ်ပါတယ်။ ပြီးရင်ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ အဲဒီနောက် နှုတ်ခမ်းအဆီတစ်ခုခု ထပ်လိမ်းပြီး အိပ်ယာဝင်ပေးပါ။

မနက်

မနက်မိုးလင်းရင် ရေနွေးနွေးတစ်ခွက်နဲ့ နှုတ်ခမ်းကို လိမ်းပေးပြီး အနည်းငယ် နှိပ်နယ်ပေးပါ။ သင့်နှုတ်ခမ်းသားကို နူးညံ့စိုပြေလာစေမှာဖြစ်ပါတယ်။

ဆံကေသာ လှပစေမယ့် နည်းလမ်း

သင့်ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းပြီး ဆံပင်အဖျားနှစ်ခွတွေ များလွန်းလို့ စိတ်ညစ်နေလား။ နေရောင်ခြည်ထိတွေ့မှု၊ အပူပေးစက်တွေဟာ သင့်ဆံကေသာအတွက် ဆိုးကျိုးတွေဖြစ်စေပါတယ်။

အုန်းဆီ (သို့) သံလွင်ဆီ (သို့) ဗာဒံဆီကို လိမ်းပေးထားလိုက်ပါ။ ညအိပ်ယာမဝင်ခင် လိမ်းပေးထားပါ။ ပြီးရင် ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးရပါမယ်။ မနက်မိုးလင်းရင် ခါင်းလျှော်ချလိုက်ပါ။

တကယ်လို့တစ်ညလုံးမထားချင်ဘူးဆိုရင်လည်း နေ့လည်ဖက်မှာလုပ်လို့ရပါတယ်။ စောစောကလို လိမ်းပေးထားပြီး ၂ နာရီလောက်ပဲထားကာ ခေါင်းလျှော်ချပါ။ ပေါင်းဆေးသုံးဖို့မမေ့ပါနဲ့။

ခေါင်းလျှော်တိုင်း ပုံမှန်လုပ်ပေးရင် တဖြည်းဖြည်း သက်သာလာမှာဖြစ်ပါတယ်။

အသားအရေ လှစေဖို့ နည်းလမ်း

သင့်အသားအရေလှဖို့အတွက်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာနေဖို့လိုအပ်ပါတယ်။ အာဟာရဓာတ်ညီညွှတ်မျှတအောင်စားမယ်၊ ရေဓာတ်ဖြည့်တင်းမယ်၊ တစ်နေ့ကို ၈ နာရီအိပ်မယ်။ စတဲ့ သင့်ပုံမှန် လူနေမှုဘဝကနေပဲ သင့်အသားအရေ လှပမှုကို ရရှိနိုင်ပါတယ်။ သဘာဝနည်းလမ်းတွေကို ထပ်ပြီးမျှဝေပေးပါဦးမယ်။

အမည်းစက်သက်သာဖို့

ခရမ်းချဉ်သီး နဲ့ နွားနို့ ကိုသုံးပေးပါ။ ခရမ်းချဉ်သီးကို အရည်ညှစ်လိုက်ပြီး ခွက်ထဲထည့်လိုက်ပါ။ ပြီးရင် ရေနည်းနည်းထည့်ပါ။ အဲဒီနောက် နွားနို့ နွေးနွေး စားပွဲတင်ဇွန်း ၃ ဇွန်းထည့်လိုက်ပါ။ ပြီးရင်သေချာမွေပေးပါ။ အဲဒီနောက် မျက်နှာပေါ်မှာနဲ့ အမည်းစက်ရှိတဲ့နေရာတွေမှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင် ရိုးရိုးရေနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးနိုင်ပါတယ်။

ဆဲလ်သေတွေဖယ်ရှားဖို့

စတော်ဘယ်ရီ ၃ လုံး၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၃ ဇွန်းကို သေချာရောလိုက်ပါ။ စတော်ဘယ်ရီကို ပြဲအောင်ုလပ်ပါ။ ပြီးရင်မျက်နှာပေါ်လိမ်းပေးပြီး ၁၅ မိနစ်ထားပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။