ဂျပန်နိုင်ငံရဲ့ ရှေးခေတ်ဟောင်းတွေကတည်းက အလှအပထိန်းသိမ်းရေးအတွက် အသုံးပြုလာခဲ့တဲ့ ဆန်ဆေးရည်ဟာဆိုရင် အသားအရေနဲ့ ဆံကေသာအတွက် အင်မတန်ကိုအစွမ်းထက်လှပါတယ်။ အခုချိန်မှာဆိုရင်လည်း မျက်နှာသစ်ဆေးတွေ၊ တိုနာတွေ၊ Mist တွေ၊ ခရင်မ်တွေ စတဲ့ အလှကုန်ပစ္စည်းတွေပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုလျက်ရှိပြီး မညီညာတဲ့အသားအရေကိုညီစေဖို့၊ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာကို ပြန်လည်တောက်ပြောင်လာစေဖို့၊ အသားအရေနဲ့ဆံသားစိုပြေလာစေဖို့ စတဲ့ အကျိုးကျေးဇူးတွေကို အမျိုးမျိုးပေးစွမ်းနိုင်ပါတယ်။

ကိုယ်က ဓာတုဆေးဝါးတွေပါတဲ့ အလှကုန်ပစ္စည်းတွေအစား သဘာဝပစ္စည်းတွေကိုအသုံးပြုရတာ ပိုပြီးကြိုက်တယ်ဆိုရင်တော့ ကိုယ့်ရဲ့အသားအရေနဲ့ ဆံကေသာအတွက် ဆန်ဆေးရည်ကိုအသုံးပြုနိုင်မယ့် နည်းလမ်း (၃) မျိုးကို ဝေမျှပေးချင်ပါတယ်။

ပြင်ဆင်ပုံ

ဆန်ဆေးရည်ကိုပြင်ဆင်ဖို့ရန် ဆန်တစ်ခွက်ကိုရေဆေးပါ။ ပြီးရင် ဆေးထားပြီးသားဆန်ထဲကို ရေလေးခွက်ထည့်ပြီးတော့ မိနစ် ၃၀ စိမ်ထားပေးပါ။ ဆန်အတွင်းရှိ ကြွယ်ဝတဲ့ Chemical တွေထွက်အောင်လို့ ဆန်ကိုဇွန်းနဲ့လိုက်ဖိပေးပါ။ ထို့နောက် ရေစစ်ကာ ရလာတဲ့ဆန်ဆေးရည်ကို လေလုံတဲ့ဘူးထဲထည့်ပြီး ငါးရက်ရေခဲသေတ္တာထဲမှာ ထည့်သိမ်းပေးပါ။

နည်းလမ်း – ၁

Source: Cute girly studio

Cleansing Toner အဖြစ် ဆန်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။ ဆန်ဆေးရည်နည်းနည်းကို ဂွမ်းလုံးနဲ့ယူပြီးတော့ အသားအရေမှာလိုက်သုတ်ပေးပါ။ ဒီနည်းလမ်းပြီးပါက Moisturise အဆင့်ကို လုပ်ဆောင်နိုင်ပါတယ်။

နည်းလမ်း – ၂

Source: Lewigs

ဆန်ဆေးရည်တစ်ခွက်ထဲကို Essential Oil ခြောက်စက်ထည့်ပြီးတော့ မွှေပေးပါ။ Shampoo နဲ့ခေါင်းလျှော်ပြီးနောက် ဆန်ဆေးရည်အရောကို ဦးရေပြားပေါ်လောင်းချပြီး ဆံသားတစ်လျှောက်လည်း လိုက်ပြီးသုတ်ပေးပါ။ ဦးရေပြားကိုနှိပ်ပေးပြီးတော့ ငါးမိနစ်ထားပါ။ အချိန်ပြည့်ပါက ရေနဲ့ဆေးလိုက်ပါ။

နည်းလမ်း – ၃

ပင်လယ်ဆား စားပွဲတင်ဇွန်း ၄ ဇွန်းကို ဆန်ဆေးရည်တစ်ခွက်၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ လာဗင်ဒါ Essential Oil ခြောက်စက်တို့နဲ့ရောပြီးတော့ အိမ်လုပ် Scrub ဖန်တီးနိုင်ပါတယ်။ သာမန်လူများအနေနဲ့ စိတ်ချလက်ချအသုံးပြုနိုင်ပေမယ့်လည်း ထိခိုက်မခံတဲ့ အသားအရေပိုင်ရှင်များအနေနဲ့တော့ နည်းနည်းလောက်ပဲ စမ်းသုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။