ပုဝါလေးတွေသုံးပြီး ဆံပင်ပြင်တာမျိုးက မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပြီး လှပပါတယ်။ ဒါကြောင့် ပုဝါကိုသုံးပြီး ဆံပင်ပုံစံလှလှလေးဖြစ်အောင် လုပ်နည်း (၃) မျိုးကို မျှဝေပေးလိုက်ပါတယ်။

ပထမတစ်မျိုးမှာတော့ အရင်ဆုံး ဆံပင်ကို တစ်ဝက်စီးလိုက်ပါ။ ခေါင်းစည်းကြိုးနဲ့ ၂ ပတ်၊ သုံးပတ်လောက် စည်းထားတာမို့ ခေါင်းစည်းကြိုးတစ်စကြားထဲကို ပုဝါလေးထည့်ပါမယ်။

ဆံပင်ကို နှစ်ပတ်လောက်လိမ်ပြီး ပုဝါကို ယှက်ပြီးပတ်မှာပါ။

ပတ်ပြီးတာနဲ့ ထိပ်မှာ ဆံထုံးလိုမျိုး ပတ်ပေးပါ။ ပတ်ပြီးရင် ကလစ်အမဲလေးတွေနဲ့ ထိန်းပေးပါ။

ဒါဆိုရင်တော့ နှင်းဆီပန်းပွင့်လေးနဲ့တူတဲ့ ဆံပင်ပုံစံလှလှလေး ဖြစ်သွားပါပြီ။

ဒုထိယတစ်မျိုးမှာတော့ ဆံပင်စည်းပြီး အလယ်ကနေနှိုက်ကာ ပုံမှာပြထားတဲ့အတိုင်း အလိမ်လေးဖြစ်သွားအောင် လုပ်ပေးရမှာပါ။ ဒါကတော့ တော်တော်များများလည်း လုပ်တတ်ပါတယ်နော်။

ဆံပင်အောက်ဖျားနားလေးကို သားရေကွင်းနဲ့ ခေါက်စည်းပေးပါ။

စည်းပြီးတာနဲ့ အဲ့စည်းထားတဲ့အောက်ဖျားလေးကိုယူကာ ဆံပင်အလိပ်လေးကြားထဲကို ထည့်ပေးရင် ဆံထုံးအလိပ်လိုမျိုး ဖြစ်သွားမှာပါ။ ဆံပင်ရှည်ရင် ၂ ခေါက်လောက် လိပ်ထည့်ပေးရပါလိမ့်မယ်။ ပြီးရင်တော့ ကလစ်အမဲလေးနဲ့ ထိန်းပေးပါ။

ပုဝါကိုယူပြီး ဆံထုံးအလိပ်လေးကြားထဲထည့်ပါ။ အစနှစ်ဖက်ကို ဆံထုံးအပေါ်ထိပ်လေးကိုယူပြီး ဖဲပြားပုံလေးဖြစ်အောင် ချည်ပေးပါ။

ဒါဆိုရင်တော့ ပုဝါကိုသုံးပြီးပြင်ထားတဲ့ ဆံထုံးလှလှလေး ဖြစ်သွားပါပြီ။

နောက်ဆုံးတစ်မျိုးမှာတော့ ဆံပင်ကို စုစည်းလိုက်ပါ။ စည်းပြီးရင် ဖြီးနဲ့ စည်းထားတဲ့ဆံပင်ကိုဖွာပေးပါ။

ပထမတစ်မျိုးလိုပဲ စည်းထားတဲ့ခေါင်းစည်းကြိုး တစ်စကြားထဲကို ပုဝါထည့်ပေးပါ။ ပြီးရင်တော့ ဖဲပြားပုံလေးရအောင် ချည်ပေးလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ ပုဝါနဲ့စည်းထားတဲ့ ဆံပင်လှလှလေးကို ရရှိသွားပါပြီ။

Source: www.alexgaboury