2NE1 ကိုတော့ Kpop Fan တိုင်း သိကြမှာပါ။ မြင်တွေ့နေကြ အမျိုးသမီးကေပေါ့အဖွဲ့တွေလို နုနုရွရွလေးတွေပုံစံမျိုးမဟုတ်ဘဲ တော်ရုံမလုပ်နိုင်တဲ့ တမူထူးခြားဆန်းသစ်တဲ့ ပုံစံဒီဇိုင်းနဲ့ ပရိတ်သတ်တွေရှေ့ကို ရောက်ရှိလာတဲ့ ကောင်မလေး လေးယောက်နဲ့ဖွဲ့စည်းထားပါတယ်။

အခုတစ်ခါ ပြောပြပေးချင်တာကတော့ 2NE1 အဖွဲ့ခေါင်းဆောင် CL ရဲ့ ဖက်ရှင်လေးတွေပဲဖြစ်ပါတယ်။ CL ရဲ့ နာမည်အရင်းက Lee Chae Rin လို့ခေါ်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့ပါတယ်။

ဒါပေမယ့် သူမရဲ့ ငယ်ဘဝတွေကိုတော့ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ကုန်ဆုံးကြီးပြင်းလာခဲ့သူတစ်ဦးဖြစ်ပြီး YG Entertainment ကို မ Join ခင်မှာ JYP Entertainment မှာလည်း ထရိန်နင်ဆင်းခဲ့ဖူးပါသေးတယ်။ အသက် ၁၅ နှစ်အရွယ်မှာတော့ YG Entertainment ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

CL ရဲ့ မွေးနေ့ကတော့ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မို့ အခုဆိုရင် အသက် ၃၀ ပြည့်ပြီးသွားပါပြီ။ အရပ် ၁.၆၃ မီတာရှိပြီး ကိုယ်အလေးချိန်ဘယ်လောက်ဖြစ်ဖြစ် Confident အပြည့်နဲ့ အမြဲတမ်း ဖက်ရှင်ကျကျ ဝတ်ဆင်တတ်သူတစ်ဦးလည်းဖြစ်ပါတယ်။

ကဲ..ဒါဆိုရင်တော့ အခုပဲ CL ရဲ့ အလန်းစားဖက်ရှင်တွေကို အတူတူကြည့်လိုက်ရအောင်ပါ။

Image Source: Pinterest