အိမ်မှာနေရင်း ပျင်းနေကြပြီလား။ တင်သားတင်းတင်းရင်းရင်းလေးတွေက ဘာဝတ်ဝတ် ပိုကြည့်ကောင််းပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အိမ်မှာပဲ ပြုလုပ်နိုင်မယ့် Squat (ထိုင်ထ) Challenge တစ်ခုကို ပြောပြပါရစေ။ ဒီ Challenge က အချိန်သိပ်မပေးရဘဲ ၂၅ ရက်ပဲ ကြာမှာပါ။ Squat ထိုင်တဲ့အပြင် ပဲနို့၊ ကြက်ဥ စတဲ့ ပရိုတင်းပြည့်ဝတဲ့ အစားအသောက်တွေပါ စားပေးဖို့ လိုပါတယ်။ Squat ထိုင်နည်းက အမျိုးမျိုးရှိပါတယ်။ Basic Squat ထိုင်နည်းနဲ့ပဲ ၂၅ ရက်လုံးထိုင်သွားနိုင်ပါတယ်။
Squat ထိုင်နည်း
- ခြေထောက်အကွာအဝေးကို ပခုံးနဲ့ တစ်တန်းတည်း ထားလိုက်ပါ။
- ထိုင်တဲ့အခါ အိမ်သာတက်ခါနီး ထိုင်တဲ့ပုံစံ ထိုင်ပေးပါ။
- တင်ပါးကို အာရုံစိုက်ပေးပါ။ ဒူးကို အားမပြုပါနဲ့။
Plan ကတော့ ဒီလိုပါ။
Day 1 – ၁၀ ခါ
Day 2 – ၁၅ ခါ
Day 3 – အခါ ၂၀
Day 4 – Rest
Day 6 – အခါ ၃၀
Day 7 – ၃၅ ခါ
Day 8 – REST
Day 10 – ၄၅ ခါ
Day 11 – အခါ ၅၀
Day 12- REST
Day 14 – အခါ ၆၀
Day 15 – ၆၅ ခါ
Day 16 – REST
Day 18 – ၇၅ ခါ
Day 19- အခါ ၈၀
Day 20- REST
Day 22- အခါ ၉၀
Day 23- ၉၅ ခါ
Day 24 – REST
Plan ကတော့ ဒီအတိုင်းပါ။ ၂၅ ရက်မြောက်မှာ အခါ ၁၀၀ ပြည့်ဖို့လိုပါတယ်။
Source: www.appowerfit.com
Photo Source: Pinterest
By MyStyle Myanmar