မင်္ဂလာပါ MyStyle Myanmar ကိုအားပေးကြတဲ့ ပရိတ်သတ်တို့ရေ။ ဗိုက်အဆီက အမျိုးသားရော အမျိုးသမီးမှာပါ ကျဖို့ခက်တဲ့အဆီပါ။ ဗိုက်အဆီက ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဗိုက်အဆီတက်ရခြင်းအကြောင်းအရင်းတွေကတော့ စိတ်ဖိစီးမှု၊ အသင့်စားအစားအသောက်တွေစားသုံးခြင်း၊ သကြားများတဲ့အစားအသောက်တွေနဲ့ အိပ်ရေးမဝတာတွေပါ။

ဗိုက်အဆီကျချင်သူတွေကတော့ အစားအသောက်အဝင်နဲ့ အဆီလောင်ကျွမ်းမှု ဇီဝဖြစ်စဉ်မြန်ဆန်ဖို့ ပြုလုပ်ပေးရပါမယ်။ ဒါကတော့ လေ့ကျင့်ခန်းလုပ်တာပါ။ ဒါပေမဲ့ လေ့ကျင့်ခန်းတွေဘယ်လောက်ပဲလုပ်လုပ် သင့်ခန္ဓာကိုယ်ထဲမှာ အဆိပ်ဓာတ်တွေ စုနေမယ်ဆိုရင်တော့ အဆီကျဖြစ်စဉ်က နှေးနေမှာပါ။ အောက်မှာဖော်ပြထားတဲ့ ၂၄ နာရီအတွင်း အမြန်အဆီချတဲ့နည်းလမ်းက သင့်ဗိုက်ချပ်စေရုံမက ကိုယ်တွင်းအဆိပ်တွေကိုပါ ဖယ်ရှားပေးပါတယ်။

ဒီနည်းလမ်းမှာ ပြောထားတဲ့ အစားအသောက်တွေကိုပဲ စားရမှာမို့ အားရက်မှာပဲပြုလုပ်သင့်ပါတယ်။  ထမင်းစားလို့မရပါဘူး။ ဖျော်ရည်တွေ သောက်ရမှာပါ။ သတိထားရမှာက ဒီဖျော်ရည်တွေထဲမှာ သကြားလုံးဝမထည့်ရပါဘူး။ ပါဝင်ပစ္စည်းတွေကိုလည်း ကြိုတင်ဝယ်ယူထားသင့်ပါတယ်။ တစ်ရက်တည်းမို့ သိပ်မကြာပါဘူး။

မနက် ၈ နာရီ- ရေနွေးနွေးလေးနဲ့ သံပယိုရည်တစ်ခွက် သောက်လိုက်ပါ။

Source: iFOODreal

မနက် ၁၀ နာရီ- လိမ္မော်ဖျော်ရည် ဒါမှမဟုတ် ပန်းသီးဖျော်ရည်တစ်ခွက်သောက်ပါ။

Source: Jamie Geller

နေ့လည် ၁၂ နာရီ- Green Tea တစ်ခွက်သောက်ပါ။

Source: Yoga Digest

နေ့လည် ၁ နာရီ – မုန်လာဥနီဖျော်ရည် အေးအေးလေးတစ်ခွက်သောက်ပါ။

Source: Organic Facts

၃ နာရီ- သင်သောက်ချင်တဲ့ လဘရည်တစ်ခွက်သောက်ပါ။ ( Green Tea အသင့်တော်ဆုံးပါ၊ တခြား လဘရည်တွေက အချိုပမာဏများလို့ပါ။)

ညနေ ၅ နာရီ- သင်သောက်ချင်တဲ့ သဘာဝအသီးဖျော်ရည်တစ်ခွက်သောက်ပါ။

ည ၇ နာရီ- Green Tea တစ်ခွက်ထပ်သောက်ပါ။

၉ နာရီ – ဂရိတ်ဖရုသီးဖျော်ရည် တစ်ခွက်သောက်ပါ။

Source: Temple Of Juice

ည ၁၀ နာရီ- မနက်ပိုင်း စစချင်းမှာ သောက်ခဲ့တဲ့ သံပယိုရည် နွေးနွေးလေးသောက်လိုက်ပါ။

သံပယိုရည်ကို မနက်ကော ညကော သောက်ရမှာမို့ အစာအိမ်ရှိတဲ့သူများ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။