Kaia Gerber လို့ပြောလိုက်ရင် ဆွဲဆောင်မှုအပြည့်နဲ့ မော်ဒယ်လောကရဲ့ စူပါမော်ဒယ်လ်တွေထဲက တစ်ဦးဆိုတာ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။

အမေရိကန်လူမျိုး မော်ဒယ်လ်နဲ့ မင်းသမီးတစ်ဦးဖြစ်ပြီးတော့ မော်ဒယ်လ် Cindy Crawford နဲ့ စီးပွားရေးလုပ်ငန်းရှင် Rande Gerber တို့ရဲ့ သမီးလည်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ Fashion Week ၌ စတင်လျှောက်လှမ်းခဲ့ပြီးအချိန်ကစလို့ ဖက်ရှင်တံဆိပ်တွေအများကြီးအတွက် ကြော်ငြာတွေရိုက်ကူးခဲ့ပါတယ်။ ထို့နောက် British Fashion Awards မှာ Model of the Year ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က စတင်စာချုပ်ချုပ်ဆိုခဲ့တဲ့ IMG Model အေဂျင်စီမှာလက်ရှိအထိ လုပ်ကိုင်ခဲ့ပြီး သူမရဲ့ ပွဲဦးထွက်မှာပဲ Models.com ရဲ့ ကမ္ဘာ့ထိပ်တန်း မော်ဒယ် အယောက် ၅၀ ထဲမှာ ပါဝင်နိုင်ခဲ့သူဖြစ်ပါတယ်။

Kaia ကိုတော့ ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

အရပ်အမြင့်ကတော့ ၅ ပေ ၁၀ လက်မ ရှိပြီး ဘော်ဒီကလည်း တကယ့်ကို အမိုက်စားပါပဲနော်။

သူမရဲ့ အမိုက်စား ဖက်ရှင်ပြေးလမ်းထက်က ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။