MyStyle Myanmarr မှ ဖက်ရှင်ချစ်သူတို့ရေ မင်္ဂလာပါ။ ၂၀၂၃ ခုနှစ်အတွက် ခေတ်စားလာမယ့် ဖက်ရှင်အရောင်တွေကို သိပြီးကြပြီလားမသိဘူးနော်။ ၂၀၂၃ ခုနှစ်ထဲမှာ ခေတ်စားလာမယ့် အလန်းစားဖက်ရှင်အရောင်တွေက သင်တို့ကို ဒီတစ်နှစ်လုံးမှာ ဖက်ရှင်ကျကျနဲ့ မိမိုက်နေအာင် ကူညီပေးမှာပါ။ ဖက်ရှင်ချစ်သူတို့အတွက် အသုံးတည့်မယ်လို့ မျှော်လင့်မိပါတယ်။

Denim ဝမ်းဆက် ဖက်ရှင်

Denim ဖက်ရှင်ကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်ဒီဇိုင်းတစ်မျိုးဖြစ်ပြီးတော့ ဆွဲဆောင်မှုတိုးအောင် ကူညီပေးမှာပါ။

အနီနှင့် အဖြူ အတွဲအစပ်

အနီနဲ့ အဖြူ ဖက်ရှင်အရောင်ကို ဝတ်မယ်ဆိုရင်တော့ အပေါ်ဝတ် ကုတ်အင်္ကျီနေနဲ့လည်း ဝတ်နိုင်သလို ရှပ်အဖြူကိုမှ အပေါ်ကနေ ကုတ်အနီ ထပ်ဝတ်မယ်ဆိုလည်း သင့်တော်ပါတယ်။

အနက်ရောင် ဖက်ရှင်

All-Black ဖက်ရှင်ကတော့ ဘယ်အချိန်မဆို ကြည့်ကောင်းအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ညှို့ငင်အား ပြင်းအောင် ကူညီပေးမယ့် ဖက်ရှင် အရောင် တစ်မျိုးဆိုလည်း မမှားပါဘူး။

ပန်းဆီရောင်

ဖက်ရှင်ဆိုတာကတော့ ဝတ်ရဲလေ စတိုင်လ် ပိုကျလေပါပဲ။ ပန်းဆီရောင်ကြီးက အသားမည်းတယ်ဆိုပြီး စိတ်ထဲမှာ မတင်မကျနဲ့ မဝတ်ချင်ပဲ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခါတစ်ခေါက်လောက် ဝတ်ကြည့်လိုက်တဲ့အခါ အင်မတန်မှ စတိုင်လ်ကျ မိမိုက်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ပန်းဖျော့ရောင်

Photo Shoot လုပ်ဖို့ ရှိတယ်ဆိုရင်တော့ ဒီလိုဖက်ရှင်စတိုင်လ်မျိုးကို ရွေးချယ်သင့်ပါတယ်။ သစ်လွင်တောက်ပပြီး ကြည်လင်နေတဲ့ ခံစားချက်ကို ခံစားရစေမှာပါ။

အဖြူနှင့် အပြာ အတွဲအစပ်ဖက်ရှင်

အပြာရောင်ကို Tone တစ်မျိုးတည်း သုံးတာမဟုတ်ဘဲ အပြာရောင်အရင့်နှင့် အပြာရောင် အဖျော့တို့ကို ဖောက်ကာ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ထိုအရောင်ကိုမှ အဖြူ (သို့) ခရင်မ်အရောင်နှင့် တွဲဖက်ပေးမယ်ဆိုရင်တော့ လိုက်ဖက်ကာ ကြည့်ကောင်းနေမှာ အမှန်ပါပဲ။

Image Source: Pinterest