2022 မှာပိုပြီးခေတ်စားလာမယ့် wolf haircut style လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင်လည်း wolf haircut လေးညှပ်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီ hairstyle တွေထဲက စိတ်ကြိုက်ရွေးပြီး ပုံစံပြောင်းလို့ရတာပေါ့။

Wolf haircut ညှပ်ချင်ပေမယ့် အရမ်းမတိုချင်ဘူး လှလှလေးညှပ်ချင်တယ်ဆိုရင် ဒီလိုပုံစံလေးတွေ ညှပ်ကြည့်ပါ။ မျက်နှာလေးပိုနုသွားစေပါတယ်။

Wolf haircut ကိုမှ အထပ်တွေအများကြီးမကြိုက်ရင် ဒီလိုလေးညှပ်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

Wolf haircut ကိုမှ တိုကပ်နေအောင်ညှပ်ချင်တယ်ဆိုရင် ဒီလိုလေးညှပ်ကြည့်ပါ။ အရမ်းမိုက်သလို ချစ်ဖို့လည်းကောင်းပါတယ်။

Wolf haircut ကို တိုတိုလေးညှပ်ပြီး အရောင်ဆိုးရင် အရမ်းမိုက်ပါတယ်။ ပုံစံပြောင်းလဲပစ်ချင်ရင် ဒီလို crazy color လေးသာ ဆိုးချပစ်ပါ။

မိန်းကလေးဆန်တာမျိုးမညှပ်ချင်ဘူးဆိုရင် wolf haircut ကိုမှ ဒီလိုပုံစံလေးညှပ်ကြည့်ပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။ ယောင်္ကျားလေးဆန်ဆန်ပုံစံမျိုးလည်း ညှပ်ချင်တယ်၊ အရမ်းလည်းမတိုချင်ဘူးဆိုရင် ဒီပုံစံလေးကိုသာ ရွေးချယ်ပါ။

ဆံပင်အရှည်ကြီးတွေလည်း wolf haircut လေးညှပ်လို့ရပါတယ်။ ဆံပင်အရှည်ထားချင်ပေမယ့် ပူတဲ့ဒဏ်လည်းမခံနိုင်ဘူးဆိုရင် ဒါမျိုးလေးသာညှပ်ပစ်ပါ။ အရမ်းလှပါတယ်။

ဒီလို wolf haircut style လေးဆိုရင် အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ အုံထူရင် ဒါမျိုးလေးညှပ်ကြည့်ပါ။

ခုနက hairstyle ကိုမှ အရောင်လေးဆိုးမယ်ဆိုရင်လည်း အရမ်းမိုက်ပါတယ်။ အထာကျတဲ့ bad girl style လေးလိုမျိုး ဖြစ်စေပါတယ်။

Wolf haircut ကိုမှာ အရှေ့အတိလေးနဲ့ဆိုရင်လည်း ချစ်ဖို့ကောင်းပါတယ်။ မျက်နှာသွယ်တဲ့သူတွေနဲ့ဆို အရမ်းလိုက်ပါတယ်။

ဆံပင်ကောက်တဲ့သူတွေဆိုရင် wolf haircut ကို ဒါမျိုးလေးညှပ်ကြည့်ပါ။ အထာကျပြီး အရမ်းလှပါတယ်။

photo source:www.pinterest.com