အခုနောက်ပိုင်းမှာဆိုရင် တော်တော်များများက Fashion နဲ့ပတ်သက်ပြီး အရမ်းအလေးထားလာကြတာကို တွေ့ရပါတယ်။ Fashion ဆိုတာကလည်း တစ်ကျော့ပြန်ပြီးပဲ လည်ပတ်နေတာပါ။ ဒါကြောင့် မိန်းကလေးတွေအတွက် 2022 မှာ ပိုပြီးခေတ်စားလာမယ့် Fashion Accessories တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပိုက်ခွံနဲ့ Beret ဦးထုပ်လေး

ပိုက်ခွံနဲ့ Beret ဦးထုပ်လေးတွေက 2022 မှာ ပိုပြီးခေတ်စားလာမယ့် Fashion တစ်မျိုးပါပဲ။ ဒီမှာဆိုရင်တော့ ခရီးတွေသွားတဲ့အခါမှာ ရှိုးထုတ်လို့ကောင်းမှာပါ။

Wide Waist Belts

အရင်တုန်းကတော့ ခါးပတ်ဆိုရင် သေးသေးလေးတွေက ခေတ်စားတယ်၊ နောက်ပိုင်းမှာတော့ ပုံမှန်ဆိုဒ်လေးတွေပဲ ပတ်ကြတာ များလာပါတယ်။ ဒါပေမယ့် 2022 မှာတော့ Wide Waist Belts ကြီးတွေက ပိုပြီးခေတ်စားလာမှာပါ။

Double Chain Necklaces, Triple Necklaces

2021 ကုန်ခါနီးမှာထဲက မိန်းကလေးတွေကြားမှာ Double Chain Necklaces, Triple Necklaces လေးတွေဝတ်တာက ခေတ်စားနေတာပါ။ 2022 မှာတော့ ဒီ Fashion Accessories လေးတွေက ပိုပြီးခေတ်စားလာမှာပါ။ မိန်းကလေးတိုင်းလိုလို ဝတ်လာကြမှာပါ။

Chunky Platform High Heel Boots

2022 မှာတော့ ဟိုးအရင်ကလို Boots လေးတွေက ပြန်ပြီးခေတ်စားလာအုံးမှာပါ။ အထူးသဖြင့်တော့ Chunky Platform High Heel Boots လေးတွေနဲ့ အထာကျကျဝတ်စားတာလေးတွေက တစ်ခေတ်ပြန်ဖြစ်လာအုံးမှာပါ။

Pearl Jewellery

အရင်ကတော့ လူငယ်ကောင်မလေးတွေဆိုရင် Pearl (ပုလဲ) ဝတ်တာမျိုးက ရှားပါတယ်။ ဒါပေမယ့် 2022 မှာ ခေတ်စားမယ့် Fashion Accessories တွေထဲမှာတော့ Pearl Jewellery လေးတွေလည်း ပါပါတယ်။

Head Scarf

အထူးသဖြင့်တော့ 2022 ရဲ့နွေရာသီမှာ Head Scarf ဆိုတဲ့ ခေါင်းစည်းပုဝါလေးတွေက ပြန်ပြီးခေတ်စားလာပါမယ်။

Statement Gold Hoop Earrings

နားကပ်တွေဆိုလည်း ရွှေကွင်းထူထူကြီးကြီးလေးတွေဖြစ်တဲ့ Statement Gold Hoop Earrings လေးတွေက အရမ်းခေတ်စားလာမှာပါ။ အဲ့တာလေးတွေက အထာကျပြီးမိုက်တာကြောင့် Must Have ပါပဲ။

Fake Long Nails

2022 မှာတော့ လူငယ်ကောင်မလေးတွေကြားမှာ လက်သည်းတုတွေကိုမှ အရှည်ကြီးတွေ Fake Long Nails တွေတပ်တာက ပိုပြီးခေတ်စားလာအုံးမှာပါ။