အခုနောက်ပိုင်းမှာဆိုရင် လူငယ်ကောင်မလေးတွေကြားမှာ bkk ဖက်ရှင်လေးတွေက ပိုပြီးခေတ်စားလာပါတယ်။ အထူးသဖြင့်တော့ ဘောင်းဘီရှည်လေးတွေနဲ့ bkk top ဆိုပြီးရောင်းကြတဲ့ top လေးတွေတွဲဝတ်တာမျိုးက အရမ်းခေတ်စားနေတာပါ။ ဒါကြောင့် အဝတ်အစားဝတ်ပြီဆိုရင် ဘယ်လိုတွေ တွဲဖက်ဝတ်ဆင်ရမလဲဆိုတာကို စဉ်းစားရခက်နေသူများအတွက်လည်း အဆင်ပြေအောင် အခု အရမ်းခေတ်စားနေတဲ့ Bkk top နဲ့ ဘောင်းဘီရှည်ဖက်ရှင်တွေ၊ တွဲဖက်ဝတ်ဆင်ထားပုံတွေကို မျှဝေပေးလိုက်ပါတယ်။

အခုနောက်ပိုင်းမှာ ဒီလိုဘောင်းဘီရှည်လေးတွေက အရမ်းခေတ်စားနေပါတယ်။ ရိုးရိုးလေးနဲ့ စတိုင်လ်ကျပြီး လှနေအောင်လို့ top အဖြူလေးနဲ့တွဲဝတ်ပြီး sneakers အဖြူသာစီးလိုက်ပါ။

အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတဲ့ ရင်ပြတ် top လေးတွေကို ဒီလိုဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်လိုက်မယ်ဆိုရင်တော့ စတိုင်လ်ကျပြီးမိုက်နေမှာပါ။

ဒီလို ကိုယ်ကျပ်လက်ပြတ် top လေးတွေကလည်း အရမ်းခေတ်စားနေတာကြောင့် ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ရိုးရိုးရှင်းရှင်းနဲ့ ချစ်ဖို့ကောင်းနေမှာပါ။

ဒီလို top လေးဆိုရင် လူငယ်ကောင်မလေးတွေကြားမှာ အရမ်းခေတ်စားနေတာပါ။ တချို့ဆို ရောင်စုံကိုဝတ်ကြတာပါ။ ဒီ top လေးကို ဘောင်းဘီရှည်အပွတွေနဲ့တွဲဝတ်ရင် အရမ်းမိုက်ပါတယ်။

ဂျင်းအဖြူအပွလေးတွေကလည်း အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတာကြောင့် ဒီလို crop top အင်္ကျီလှလှလေးနဲ့ တွဲဝတ်ကြည့်ပါ။ ဖက်ရှင်ကျပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလိုလည်ထောင် top လေးတွေဆို ဈေးသက်သာပြီး ဝတ်လို့ကောင်းပါတယ်။ အခုခေတ်စားနေတဲ့ ဘောင်းဘီရှည်အပွလေးတွေနဲ့ ဒီလိုမျိုးတွဲဝတ်လို့လည်း ရပါသေးတယ်။

ကြိုးချည်ရတဲ့ ဒီလို top အလန်းလေးတွေကို အခုခေတ်စားနေတဲ့ bell pant jeans တွေနဲ့ တွဲဝတ်ကြည့်ပါ။ ဒီတိုင်းမဝတ်ရဲရင် ဒီမှာဝတ်ပြထားသလို ရှပ်အင်္ကျီလေးထပ်ဝတ်လို့ရပါတယ်။

ဒီလိုဘောင်းဘီရှည်အကွက်လေးကလည်း လတ်တလောခေတ်စားနေတဲ့ trends တစ်ခုပါပဲ။ အဲ့ဘောင်းဘီလေးတွေကိုဝတ်မယ်ဆိုရင် crop top လေးတွေနဲ့တွဲဝတ်တာက ပိုပြီးလိုက်ဖက်ပါတယ်။

အခုနောက်ပိုင်းမှာခေတ်စားနေတဲ့ bkk top အဖြူလေးတွေကို ဂျင်းဘောင်းဘီအရှည်လေးတွေနဲ့သာ တွဲဝတ်ကြည့်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com