အခုနောက်ပိုင်းမှာတော့ ကလစ်နဲ့ ဆံပင်လှန်တင်တဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေ၊ scrunchies လေးတွေနဲ့ ဆံပင်စည်းတာ၊ ဆံပင်ထုံးတာလေးတွေက အရမ်းကိုခေတ်စားလာပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက် လူကြီးလည်းမဆန်ပဲ ချစ်ဖို့ကောင်းနေအောင် အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ကလစ်နဲ့ဆံပင်လှန်တင်မယ်ဆိုရင်တော့ ဆံပင်ကို ရေချိုးရင် လှန်တင်သလို မရပါဘူးနော်။ အဲ့လိုကျတော့ လူကြီးဆန်ပြီး လုံးဝမလှပါဘူး။ ဒါကြောင့် ဆံပင်ကို လိမ်ပြီး လိပ်ယူပြီး လှန်တင်ရပါမယ်။ ဒီလိုလှန်တင်မယ်ဆိုရင်တော့ ကလစ်ကို ရှည်ရှည်ကြီးကြီးလေးတွေ သုံးပေးပါ။

အလှကလစ်အတိုလေးတွေ၊ အသေးလေးတွေ တပ်ချင်တယ်ဆိုရင်တော့ ဆံပင်ကို လိမ်ပြီး နောက်တွဲဆံထုံးလိုမျိုးလေး ထုံးပေးရပါမယ်။ ပြီးမှ ကျန်တဲ့ ဆံပင်အောက်ဖျားနည်းနည်းလေးကို လှန်တင်ပြီး ကလစ်နဲ့ညှပ်ပါ။

ဆံပင်ကို တစ်ဝက်စည်းပြီး ကလစ်လေးနဲ့ ညှပ်မယ်ဆိုရင်တော့ ပုံမှန်အတိုင်းပဲ တစ်ဝက်စည်းဖို့ ဆံပင်ကိုယူပါ။ ပြီးရင် နှစ်ခြမ်းခွဲပြီး လိမ်ပေးပါ။ ၂ ခါလောက်လိမ်ပြီးမှ ကလစ်နဲ့ညှပ်ပါ။ ဒီတိုင်းတန်းညှပ်တာထက် အဲ့လိုလေးလိမ်ပြီးမှ ကလစ်ညှပ်တာက ပိုပြီးသဘာဝဆန်ပြီး ကပိုကယိုလေးဖြစ်စေပါတယ်။

Scrunchies လေးသုံးမယ်ဆိုရင်တော့ ဆံပင်ကို လိမ်လိမ်ပြီးယူပါ။ ပြီးရင် နောက်တွဲဆံထုံးလိုမျိုးလေး ထုံးပေးပါ။ ပြီးမှ scrunchies နဲ့ ၂ ပတ်လောက် ပတ်လိုက်ပါ။ scrunchies က ကြီးလေလှလေပါပဲနော်။

Source: www.arabeauty