အခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ အင်တာနက်ကနေတဆင့် ဈေးဝယ်တာက အများကြီးလွယ်ကူသက်သာလာပြီဖြစ်တဲ့အတွက် အများစုက အွန်လိုင်းရှော့ပင်းတွေကတဆင့် ဝယ်လာကြပါပြီ။ လူတွေအများကြီးနဲ့ တိုးဝှေ့နေစရာမလိုသလို တသီတတန်းကြီး တန်းစီနေစရာလည်းမလိုတော့ဘူးလေ။ ပိုပြီးကောင်းတာက အိမ်မှာနေရင်းနဲ့ပဲ စိတ်ကြိုက်ရွေးပြီး အော်ဒါတင်နိုင်သလို တစ်ခါတစ်လေဆို ဈေးလျော့တာတွေတောင် ရှိသေးတာကိုး။

ဒီလိုကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုပေမယ့်လည်း တခါတလေကျရင် စိတ်ကူးနဲ့လက်တွေ့ တကယ်ဖြစ်မလာတဲ့အခါတွေ ကြုံရတတ်တာက အွန်လိုင်းရှော့ပင်းကဝယ်ခြင်းရဲ့ ဆိုးကျိုးဖြစ်ပါတယ်။ အထူးသဖြင့် အဝတ်အစားတွေနဲ့ ဖက်ရှင်ပိုင်းမှာပါ။ ကိုယ်မှာတာကတစ်မျိုး တကယ်တမ်းလက်ထဲကို ရောက်လာတဲ့အခါမှာ တက်တက်စင်အောင်လွဲခဲ့ရတဲ့ အမှားလေးတွေကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

Source: BrightSide