မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ်နဲ့ အသားအရေ တစ်ထပ်တည်းဖြစ်ပြီး ပိုပြီးလှနေစေဖို့အတွက် အဆင့် ၂ ဆင့်ရှိပါတယ်။

အဆင့် (၁)

အပြစ်အနာဆာတွေကို Concealer နဲ့ ဖုံးလိုက်ပါ။ မျက်ကွင်းညိုတာတွေ၊ မျက်နှာပေါ်မှာရှိတဲ့ အဖုတွေ၊ အမာရွတ်တွေကို Concealer နဲ့ ဖုံးပေးလိုက်လို့ရပါတယ်။ ပြီးရင် သေချာလေး Blend လုပ်ပေးလိုက်ပါ။

အဆင့် (၂)

ကူရှင်လိမ်းပေးပါ။ Concealer မလိမ်းခင်မှာ ဖောင်ဒေးရှင်းလိမ်းတတ်ကြပါတယ်။ ဒါပေမယ့် ကူရှင်ကို လိမ်းပေးတာဟာ အသားအရေကို ပိုစိုပြေစေပြီး ပြောင်ပြောင်တင်းတင်းလေး ဖြစ်နေစေပါတယ်။

ဒီအဆင့် (၂) ဆင့်ပြီးသွားရင် ပေါင်ဒါပဲဖြစ်ဖြစ် အပေါ်ကနေ ထပ်လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ ပါးနီခပ်ပါးပါးလေး ဆိုးပေးလိုက်ပါ။

မျက်ခုံးမွှေးဆွဲ လိုင်နာလေး ဆိုးပေးပြီး နှုတ်ခမ်းနီ အဆီခပ်ပါးပါးလေး ဆိုးပေးပြီးရင် ပြီးပြည့်စုံတဲ့ မိတ်ကပ်ဖြစ်သွားပါပြီ။