ကောင်းကောင်းအိပ်မပျော်ရင် ခေါင်းလည်းမကြည်၊ နေရတာလည်းနုံးပြီး အဆင်မပြေပါဘူး။ ဒါကြောင့် ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့အတွက် သင်ကိုယ်တိုင်ပဲ လွယ်လွယ်ကူကူလုပ်ပေးလို့ရတဲ့ Foot Massage လုပ်နည်းတွေကို ပြောပြပေးလိုက်ပါတယ်။  အချိန် ၂ မိနစ်လောက်ပဲ ပေးပြီး လုပ်ရတာမို့ အလုပ်လည်းမရှုပ်ပါဘူးနော်။

Step 1 – ခြေမထိပ်လေးကို ပုံမှာပြထားတဲ့အတိုင်းကိုင်ပြီး စက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။ စက္ကန့်ပိုင်းလောက်ဆို ရပါပြီ။


Step 2 – ပုံမှာပြထားသလို ခြေမအလယ်ကနေ အပေါ်ကို တွန်းတင်တဲ့ပုံစံလေး နှိပ်ပေးရမှာပါ။

Step 3 – ပုံမှာပြထားတဲ့မြှားတွေအတိုင်း ခြေဖဝါးကို လက်နဲ့ တွန်းတင်ပြီး နှိပ်ပေးရပါမယ်။

Step 4 – ပုံမှာပြထားတဲ့အတိုင်း ဒီတစ်ခါမှာတော့ ခြေဖဝါးကို ဘေးတိုက်တွန်းပြီး နှိပ်ပေးရမှာပါ။

Step 5 – ပုံမှာပြထားတဲ့မြှားအတိုင်း ခြေဖဝါးအလယ်ကနေ ဝိုက်ပြီး နှိပ်ပေးရပါမယ်။

Step 6 – ခြေချောင်းထိပ်လေးတွေကို ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ဆွဲပြီးနှိပ်ပေးရပါမယ်။

Step 7 – ပုံမှာပြထားတဲ့ ခြေထောက်အောက်နား အတွင်းဘက်ကိုလည်း လက်မလေးနဲ့ နှိပ်ပေးပါ။ ၅ စက္ကန့်လောက် နှိပ်ပေးပါ။ ကိုယ်ဝန်ဆောင်တွေကတော့ ဒီအဆင့်ကို မလုပ်ပဲကျော်သွားရပါမယ်။

Step 8 – ပုံမှာပြထားတဲ့အနေအထားအတိုင်း ကြမ်းမှာလှဲပြီး ခြေဖဝါးကိုနှိပ်နယ်ပေးပါ။

Source: www.brightside.me