ဆံပင်အဖျားနှစ်ခွဖြစ်တာအတွက် အရမ်းထိရောက်တဲ့ hair mask နှစ်မျိုးကို ပြောပြပေးလိုက်ပါတယ်။ လုပ်ရတာလွယ်ကူတဲ့ သဘာဝနည်းလမ်းတွေဖြစ်တာကြောင့် ဆံပင်အဖျားတွေမှာ နှစ်ခွတွေဖြစ်နေတယ်၊ ပျက်ထွက်နေတယ်ဆိုရင် လုပ်ကြည့်သင့်ပါတယ်။

Avocado protein mask

Avocado protein mask လုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ထောပတ်သီးအမှည့် တစ်လုံး၊ ကြက်ဥ တစ်လုံး၊ သံလွင်ဆီ – စားပွဲတင်ဇွန်း နှစ်ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ထောပတ်သီးအမှည့်ကို ပန်းကန်လုံးထဲ အသားတွေခြစ်ထည့်ပြီး ချေပေးပါ။ ပြီးရင် ကြက်ဥ ဖောက်ထည့်၊ သံလွင်ဆီထည့်ပြီး သမအောင် ခလောက်မွှေပေးပါ။

ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် ဆံပင်အဖျားတွေမှာ ထူထူလေးသာ အုံပြီးလိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးမှ ရေကြက်သီးနွေးနဲ့ ဆေးချပြီး ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ကြိမ်သာ ပုံမှန်လုပ်သွားမယ်ဆိုရင် ဆံပင်အဖျားနှစ်ခွဖြစ်တာတွေ သိသိသာသာကို လျော့ကျသွားပါလိမ့်မယ်။

Honey olive oil mask

Honey olive oil mask လုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ပျားရည် – စားပွဲတင်ဇွန်း နှစ်ဇွန်း၊ သံလွင်ဆီ – စားပွဲတင်ဇွန်း သုံးဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပျားရည်နဲ့သံလွင်ဆီကို ရောမွှေပြီး ဆံပင်အဖျားတွေကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၃၀ ထားပြီးရင် ရေဆေးချပြီး mild shampoo နဲ့ပဲ ပြန်လျှော်ပေးပါ။ ဒီနည်းလမ်းကိုလည်း တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရင် ဆံပင်အဖျားနှစ်ခွဖြစ်တာတွေ သိသိသာသာ သက်သာလာပါလိမ့်မယ်။

ဆံသားခြောက်နေလို့ ဆံသားစိုစိုပြောင်ပြောင်လေး ဖြစ်ချင်ရင်လည်း ဒီနည်းလမ်းကိုပဲ ဆံပင်အရင်းကနေ အဖျားအထိလိမ်းပေးရမှာ ဖြစ်ပါတယ်။

အပေါ်မှာပြောခဲ့တဲ့ hair mask နှစ်မျိုးထဲက ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြီး လုပ်ရုံပါပဲ။ ဆံပင်အဖျားနှစ်ခွဖြစ်တာတွေ သက်သာဖို့အတွက် hair serum တွေကိုလည်း အဖျားကို ပုံမှန်လိမ်းပေးဖို့ မမေ့ပါနဲ့။