ဆံပင်အနက်ရောင်ပဲဖြစ်ဖြစ်၊ ကာလာဆိုးထားရင်ပဲဖြစ်ဖြစ် ဆံကေသာက တောက်ပြောင်နေရင် အရမ်းလှပါတယ်။ ဒါကြောင့် ငွေကုန်ကြေးကျလည်းမများပဲ ဆံကေသာတောက်ပြောင်စေမယ့် အိမ်တွင်းဖြစ် ဆံပင်ပေါင်းတင်နည်း ၂ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ငှက်ပျောသီးနဲ့ပျားရည်

ငှက်ပျောသီး တစ်လုံးကို ပန်းကန်ထဲထည့်ချေပြီး ပျားရည် – စားပွဲတင်ဇွန်းထည့်ကာ ရောနယ်လိုက်ပါ။ နယ်ပြီးတာနဲ့ ခေါင်းမလျှော်ခင် ဆံသားအနှံ့မှာလိမ်းထားပေးပါ။ မိနစ် ၂၀ ထားပြီးရင် ခေါင်းလျှော်လို့ရပါပြီ။ ခေါင်းလျှော်ပြီးတိုင်းမှာလည်း Conditioner သုံးပေးဖို့ မမေ့ပါနဲ့။ ဒါမှ ဆံသားပိုကောင်းမှာပါ။

ဘီယာနဲ့ Jojoba Oil

ရေခဲသေတ္တာထဲထည့်ထားလို့ အေးနေတဲ့ဘီယာကို မသုံးပါဘူး။ သူ့အပူချိန်အတိုင်းလေး နွေးနေတဲ့ဘီယာကို Jojoba Oil – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာနဲ့ရောပြီး ခေါင်းကို လောင်းချရမှာပါ။ ခေါင်းကိုလောင်းချပြီးရင်လည်း လက်နဲ့နှိပ်နယ်တာမျိုးလုပ်ပေးပါ။ ပြီးမှ ရေလောင်းချပြီး ခေါင်းလျှော်လို့ရပါပြီ။