မိတ်ကပ်လိမ်းထားရင်တောင် မျက်ကွင်းညိုတာကို ဖုံးကွယ်လို့မရပါဘူးနော်။ မျက်ကွင်းညိုတာဟာ သာမန်လူတွေအတွက်တော့ သိပ်ပြဿနာမရှိပေမယ့် အလှအပကြိုက်တဲ့ အမျိုးသား အမျိုးသမီးတွေအတွက်တော့ ကြီးမားတဲ့ ပြဿနာတစ်ခုပါ။

မျက်ကွင်းညိုရတဲ့အကြောင်းရင်း

အိပ်ရေးပျက်လို့ အအိပ်လွန်လို့ မျက်လုံးရောင်တာ မျက်ကွင်းချိုင့်တာတွေဖြစ်လာပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့မညီညွှတ်တဲ့ နေထိုင်မှုပုံစံတွေ အစားအသောက်တွေ၊ သရေစာစားတာများတာ၊ အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာတွေကြောင့် မျက်ကွင်းညိုတာတွေဖြစ်ပေါ်စေပါတယ်။

သခွားသီးနဲ့ အာလူး

သခွားသီးနဲ့ အာလူးကို ကြိတ်ပြီး ပိတ်စအဖြူ (သို့) စကာနဲ့ စစ်ပြီးရလာတဲ့အရည်ကို ရေခဲသေတ္တာထဲထည့်ပြီး ၁၀ မိနစ်ထားပါ။ ပြီးရင် အဲဒီအရည်နှစ်ခုကိုရောပြီး ဝါဂွမ်းစနစ်ကာ မျက်လုံးအောက်မှာ လိမ်းပေးပါ။

၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။ နှစ်ပတ်ဆက်တိုက်လုပ်ပေးရင် သက်သာလာပါလိမ့်မယ်။

ပူစီနံ နဲ့ သံပုယိုသီး

ပူစီနံ လက်တစ်စုပ်စာကို ကြိတ် (သို့) ထောင်းပြီး ခွက်တစ်လုံးထဲထည့်လိုက်ပါ။ ပြီရင် သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပြီးထည့်ကာ သေချာမွှေပါ။ ပြီးရင် မျက်လုံးအောက်မှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။

မျက်လုံးအေးပြီး လန်းဆန်းသွားမှာပါ။ တစ်နေ့ကို ၁ ခါလုပ်ပေးပြီး ၂ ပတ်တိတိလုပ်ပါ။ ဒါဆို မျက်ကွင်းညိုတာသက်သာပျောက်ကင်းသွားမှာပါ။ မျက်လုံးအောက်က သွေးလည်ပတ်မကိုကောင်းမွန်စေပြီး ဘက်တီးရီးယားတွေကို သေစေပါတယ်။ ပူစီနံ နဲ့ သံပုယိုသီးမှာ ဗီတာမင် C ပါဝင်လို့ အသားအရေ ကြည်လင်စေမှာပါ။