တင်မရှိလို့စိတ်ညစ်နေတဲ့သူတွေအတွက် တစ်လအတွင်းမှာ တင်ပါးထွက်ပြီး ပြောင်းလဲလှပလာစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းအကုန်လုံးကို တစ်လ (ရက် ၃၀) ပြည့်အောင် နေ့တိုင်းပုံမှန်လုပ်ပေးရပါမယ်။ ဒါမှတင်ပါးထွက်လာမှာပါ။ တစ်လအတွင်းထွက်ချင်ရင်တော့ နည်းနည်းအပင်ပန်းခံမှရပါမယ်။

ထိုင်ထလုပ်ပါ။ ထိုင်ထလုပ်တဲ့အခါမှာလည်း ပုံမှာပြထားတဲ့အတိုင်း ခြေထောင်နှစ်ဖက်က ကြမ်းကိုထိထားပါ။ လက်ကိုရှေ့မှာ လက်သီးဆုပ်ထားပါ။ တစ်ဝက်ပဲထိုင်ပါ။ ပုံမှန်ထိုင်ထလုပ်သလို အောက်ထိမထိုင်ချပါနဲ့။ လုပ်ရမ်ယ့အရေအတွက်ကတော့ အကြိမ် ၂၀ ပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပါ။ လက်နှစ်ဖက်ကို လက်သီးဆုပ်ပြီး ရှေ့မှာထားပါ။ ခြေထောက်တစ်ဖက်က တည့်တည့်ထားပြီး နောက်တစ်ဖက်ကို အနောက်ကို ဆန့်ထုတ်ပါ။ ဒီအတိုင်း ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ်လုပ်ပေးပါ။

ပထမပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်နှစ်ဖက်ကိုကား၊ လက်ကိုရှေ့မှာ ဆန့်ချပြီး တစ်ဝက်ထိုင်ပါ။ ပြီးရင် ဒုတိယပုံထဲကလို မတ်တပ်ရပ်ပြီး ခြေဖဝါးကိုထောက်၊ လက်နှစ်ဖက်ကို အပေါ်ကိုဆန့်ထုတ်လိုက်ပါ။ ဒီတိုင်း အကြိမ် ၂၀ ပြည့်အောင်လုပ်ပါ။

ပထမပုံထဲကလိုအနေအထားအတိုင်းနေပြီး ဒုတိယပုံထဲကလို ခြေတစ်ဖက်ကို မြှောက်ပါ။ လက်ကိုလည်း ပုံမှာပြထားသလိုရအောင် လုပ်ရပါမယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ် ခြေထောက်ပြောင်းမြှောက်ပြီး လုပ်ပေးပါ။

နောက်ထပ်ထိုင်ထတစ်မျိုး ထပ်လုပ်ရပါမယ်။ ပထမပုံထဲကလို တစ်ဝက်ထိုင်ပြီး မတ်တပ်ပြန်ရပ်တဲ့အခါမှာ ဒုတိယပုံထဲကလို ခြေဖဝါးနှစ်ဖက်ကို ထောက်ရပါမယ်။ အကြိမ် ၂၀ လုပ်ရပါမယ်။

နောက်ထပ်ထိုင်ထတစ်မျိုး ထပ်လုပ်ရပါမယ်။ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကိုစု၊ လက်ကိုရှေ့မှာထားပြီး လက်သီးနှစ်ဖက်ဆုပ်ကာ တစ်ဝက်ထိုင်ပေးပါ။ ဒါကိုလည်း အကြိမ် ၂၀ လုပ်ရပါမယ်။

ပထမပုံထဲကလိုအနေအထားအတိုင်းစနေပြီး ဒုတိယပုံထဲကလို ထိုင်ပါမယ်။ ကွေးလိုက်တဲ့ဒူးခေါင်းကို ကြမ်းနဲ့မထိရပါဘူး။ ဒီလေ့ကျင့်ခန်းကိုလည်း ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ် လုပ်ပေးပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး ခြေထောက်တစ်ဖက်ကို ဘေးကိုကားထုတ်ရမှာပါ။ ဘယ် ၁၅ ကြိမ်ကားထုတ်၊ ညာ ၁၅ ကြိမ်ကားထုတ်ရပါမယ်။

Source: www.brightside.me