ပျိုမေတို့ထဲမှာ ကိုယ့်ရဲ့ဆံပင်ပုံစံရိုးနေလို့ ဒါမှမဟုတ် အရင်နဲ့မတူတဲ့ အသစ်အဆန်းတစ်ခုခုစမ်းကြည့်ချင်လို့ ဆံပင်ကေပြောင်းဖို့စဉ်းစားနေတဲ့သူတွေရှိကြလား။ ဒါဆိုရင်တော့ဒီအကြောင်းအရာကသင့်အတွက်ပါပဲ။ ဆံပင်ပုံစံဆိုတာ လူတွေရဲ့ဒုတိယမျက်နှာပဲဖြစ်လို့ တော်တော်များများက ရှိရင်းစွဲ ဆံပင်ပုံစံပြောင်းလဲပစ်ဖို့ကို အချိန်ယူစဉ်းစားလေ့ရှိကြပါတယ်။ ဒါပေမယ့်တစ်ခါတစ်လေမှာ ကိုယ့်ပုံစံကိုပြောင်းလဲလိုက်တာက အတိတ်ကနေရုန်းထွက်ပြီး စိတ်သစ်လူသစ်ဖြစ်စေနိုင်တဲ့အပြင် ကိုယ့်ကိုကိုယ်လည်းပိုပြီး ယုံကြည်မှုရှိလာစေပါတယ်။
ဒီတော့ ဆံပင်ပုံစံပြောင်းချင်ပေမယ့် နှစ်ခါပြန်စဉ်းစားနေရတဲ့သူတွေအတွက် Hairstyle ပြောင်းလိုက်မှ ပိုကြည့်ကောင်းပြီး ယုံကြည်မှုပိုရှိလာကြသူတွေရဲ့မပြောင်းလဲခင်နဲ့ ပြောင်းလဲပြီးနောက် ပုံရိပ်တွေကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။ သူတို့ရဲ့ တိုးတက်မှုတွေကိုကြည့်ရင်းနဲ့ သင်လည်းပြောင်းလဲနိုင်မယ့် စိတ်ခွန်အားနဲ့ ယုံကြည်မှုတွေရလာမှာပါ။

၁။ “ကျွန်တော်ဆံပင်လှူလိုက်တဲ့နောက်မှာ ပိုကြည့်ကောင်းလာတယ်လို့ခံစားရတယ်။”


၂။ “နောက်ဆုံးတော့ဆံပင်ညှပ်နိုင်ခဲ့ပြီ။ ဆံပင်အကောက်အတိုလေးကိုအရမ်းသဘောကျမိတယ်။”


၃။ “ဒီနေ့ကျွန်မပြောင်းလဲမှုလေးတစ်ခုလုပ်လာခဲ့တယ်။”


၄။ “ဆံပင်လှူဖို့အတွက်လေးနှစ်လောက်အရှည်ထားပြီးနောက်မှာတော့ အတိုပြန်ညှပ်လိုက်ပါပြီ။ စိတ်သစ်လူသစ်ဖြစ်သွားသလိုခံစားရတယ်။”


၅။ “ကိုယ်ကိုကိုယ်အခြားတစ်ယောက်လိုတောင်ထင်မိတယ်။”


၆။ “ကျွန်မရဲ့ ဆံပင်အရောင်အသစ်လေးကိုအရမ်းကြိုက်ပါတယ်။”


၇။ “ဆယ်နှစ်ကြာပြီးနောက်မှာ ဆံပင်ပြန်ညှပ်လိုက်ပါပြီ။”


၈။ “ကိုယ့်ကိုကိုယ်ဆံပင်အတိုနဲ့ဒီလောက်ကြည့်ကောင်းမယ်မှန်းမသိခဲ့ဘူး။ ဒီထက်တိုအောင်ထက်ညှပ်ဖြစ်မယ်ထင်တယ်။”


၉။ “ကျွန်တော့်အရင်ဆံပင်နဲ့သံယောဇဉ်ဖြတ်လိုက်ပြီ။”


၁၀။ “ရလဒ်ကိုကြည့်ပြီး အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။”


၁၁။ “နောက်ဆုံးမှာဆံပင်အတိုညှပ်ဖို့ သတ္တိရှိခဲ့ပါပြီ။”

၁၂။ “ကျွန်မအတွက် ကောင်းမွန်တဲ့ပြောင်းလဲမှုတစ်ခုပဲ။”


၁၃။ “ကျွန်တော်နှစ်နှစ်လောက်ထားလာတဲ့ဆံပင်အရှည်ကို သမီးလေးနာမည်နဲ့လှူခဲ့ပြီးနောက်မှာ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိတယ်။”


၁၄။ “ဆံပင်ညှပ်လိုက်ပြီ။ ကြည့်ကောင်းသွားတယ်လို့ခံစားရတယ်။”


၁၅။ “ဆံပင်ပြင်လိုက်မှ အရင်ထက်လိုက်ဖက်တဲ့ပုံစံကိုရှာတွေ့သွားတယ်။”


၁၆။ “ကျွန်တော်ရဲ့Hairstyle အသစ်ကြောင့်မျက်နှာပါပြောင်းသွားသလိုခံစားရတယ်။”


၁၇။ “ကျွန်မနောက်ဆုံးတော့လုပ်နိုင်ခဲ့ပြီ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတုန်းပါပဲ။”


၁၈။ “မကောင်းတဲ့ထင်မြင်ချက်တွေဂရုမစိုက်ဘဲ ကျွန်မကြိုက်တဲ့ပုံစံညှပ်လိုက်နိုင်ပါပြီ။”


၁၉။ “၂၀၁၈နှစ်စလောက်ကတည်းက အရှည်ထားလာတာ။ ဒီအပတ်မှာပဲညှပ်ပြီး ပြန်လှူလိုက်တယ်။”

Source: Brightside.me