ပျိုမေတို့အားလုံး မင်္ဂလာပါနော်။ လူသားတိုင်းရဲ့ဓမ္မတာအရ အသက်ငယ်ရာကနေ ကြီးလာတဲ့ ဘဝတစ်လျှောက်မှာ အမျိုးမျိုးသော အတွေ့အကြုံနဲ့ ခံစားချက်တွေ၊ ချစ်သူမုန်းသူစတဲ့ ဆက်ဆံရေးပြောင်းလဲမှု တွေကို တွေ့ကြုံဖြတ်သန်းလာကြရစမြဲဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ မိခင်တစ်ဦးဖြစ်လာနိုင်တဲ့ အမျိုးသမီးတွေရဲ့ ဖြတ်သန်းမှုဟာဆိုရင်လည်း ရိုးရှင်းတဲ့ငယ်ဘဝကနေ ရင့်ကျက်လာတဲ့အတွေးအမြင်တွေနဲ့ ဘဝသင်ခန်းစာတွေကို အဆင့်ဆင့်ကြုံတွေ့ကြရလေ့ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ Shweta Singh ဆိုတဲ့အနုပညာရှင် ဖန်တီးရေးဆွဲထားတဲ့ မိန်းကလေးတစ်ဦးရဲ့ အသက်အရွယ်အလိုက် တွေ့ကြုံဖြတ်သန်းမှုကို မျက်ဝါးထင်ထင် မြင်ရမယ့် အနုပညာလက်ရာတွေကို ဖော်ပြလိုက်ရပါတယ်။ အနုပညာရှင်ကိုယ်တိုင်က သူမနဲ့သူမအမေရဲ့အကြောင်းကို အခြေခံထားတာကြောင့် စာဖတ်သူတို့ထဲက မိခင်တွေနဲ့ အနာဂတ်မိခင်လောင်းတွေအတွက် လွမ်းဆွတ်ဖွယ် ခံစားရစေမယ့် ပုံရိပ်လေးတွေဖြစ်ပါတယ်။

၁။ မေမေ စောင့်ခဲ့ရတဲ့ နတ်သမီးလေး လူ့လောကထဲရောက်လာပြီ။

၂။ ဖြူစင်တဲ့သမီးလေးက စူးစမ်းလိုစိတ်တွေနဲ့ ဘဝရဲ့တံခါးကို စဖွင့်လိုက်တယ်။

၃။ အရာရာကိုသိလိုစိတ်တွေကြောင့် သူမကြိုက်တတ်တဲ့အရာလေးတွေကို တွေ့ရှိလာခဲ့တယ်။

၄။ ဘဝအတွေ့အကြုံတွေ ရရှိနိုင်ဖို့အတွက် အမေ့ရင်ခွင်ကထွက်ပြီး လေ့လာစွန့်စားခဲ့တယ်။

၅။ အသိပညာတွေ ကြွယ်ဝပြီးတဲ့နောက်မှာတော့ သူမဟာအရွယ်ရောက်လာခဲ့ပါပြီ။

၆။ အမျိုးသမီးငယ်လေးရဲ့ ညနေခင်းတွေဟာ သူမချစ်တဲ့ခွေးလေးနဲ့အတူ လှပစွာကုန်ဆုံးစေခဲ့တယ်။

၇။ နှစ်သက်တဲ့စာအုပ်တစ်အုပ်နဲ့ သူမရဲ့ကိုယ်ပိုင်ချိန်ကို အေးအေးချမ်းချမ်း ဖြတ်သန်းတတ်လာတယ်။

၈။ အပန်းဖြေခရီးတွေထွက်ပြီး အချိန်ကောင်းတွေဖန်တီးနိုင်လာတယ်။

၉။ အလုပ်အကိုင်အသစ်တွေအကြောင်း တွေးပြီးပြင်ဆင်တတ်တဲ့အရွယ်ကိုရောက်လာခဲ့တယ်။

၁၀။ တစ်နေ့မှာတော့ သူမဟာ သူငယ်ချင်းအသစ်တစ်ယောက်ကို ရှာတွေ့ခဲ့တယ်။

၁၁။ အချိန်တစ်ခုကြာသွားတဲ့အချိန်မှာ သူမရဲ့လက်တွဲဖော်နဲ့တွေ့ရှိခဲ့တယ်။

၁၂။ ဒီလိုနဲ့ပဲသူမဟာ အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်လာခဲ့တယ်။

၁၃။ သူမဘဝရဲ့တစ်ဆစ်ချိုးဖြစ်တဲ့ ကိုယ်ပိုင်ရင်သွေးလွယ်ထားနိုင်တဲ့အရွယ်ကိုရောက်လာခဲ့ပြီ။

၁၄။ မကြာခင်မှာပဲ သူမဟာမိခင်တစ်ဦးဖြစ်လာခဲ့ပြီး ကလေးကိုပထမဆုံးအကြိမ်ထိတွေ့ခွင့်ရခဲ့တယ်။

၁၅။ မေမေဂုဏ်ယူရတဲ့ အရာတစ်ခုက မေမေကိုယ်တိုင် ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို သမီးလေးကို ခွံ့ကျွေးရတာပဲ။

၁၆။ သူမဟာ ကျောင်းပထမဆုံးနေ့အတွက်စိုးရိမ်နေတဲ့သမီးလေးကိုလည်း နှစ်သိမ့်ပေးနိုင်ခဲ့တယ်။

၁၇။ သူမပေးတဲ့မေတ္တာနဲ့ နွေးထွေးတဲ့ဂရုစိုက်မှုတွေက သူမကလေးအတွက်အားဆေးတစ်ခုပါပဲ။

၁၈။ သူမဟာအရွယ်ရောက်လာတဲ့သမီးလေးအတွက် ရုပ်ရှင်အတူတူကြည့်လို့ရမယ့်အဖော်တစ်ဦးအဖြစ် ရှိနေပေးခဲ့တယ်။

၁၉။ အမေနဲ့သမီးတွေရဲ့ကြားထဲက ချစ်ခင်မှုသံယောဇဉ်ဆိုတာဟာ လျို့ဝှက်ချက်တွေမရှိတဲ့ အချိန်မရွေးနှစ်သိမ့်ပေးနိုင်ပြီး စိတ်ခွန်အားဖြစ်စေတဲ့ အရင်းနှီးဆုံးဆက်ဆံရေးတစ်ခုပါပဲ။

Source: Brightside.me

By MyStyle Myanmar