တစ်ယောက်တည်း နေတာနဲ့ တစ်ယောက်တည်း နေရတာကို ကြိုက်တာနဲ့ တူချင်မှ တူမှာပါ။ တစ်ယောက်တည်း နေရတာ ပျော်လာတဲ့အချိန်မှာတော့ အံ့သြဖွယ် ခံစားချက်တွေ၊ အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။ အခုဖော်ပြထားတဲ့ အချက်တွေကတော့ တစ်ယောက်တည်း နေရတာ ပျော်နေပြီဖြစ်တဲ့ သူတွေမှာပဲ ရနိုင်မယ့် အရာတွေ ဖြစ်ပါတယ်။
၁။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်
သင်က တစ်ယောက်တည်း နေတာ နှစ်သက်လာတဲ့အခါ သင့်ခံစားချက်နဲ့ သင့်သဘောထားကို ယုံကြည် လက်ခံလာတတ်ပါတယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် သင်ဖြေရှင်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုးကို ရလာတတ်ပါတယ်။
၂။ အားပြန်ပြည့်ခြင်း
သင့်အနားမှာ တစ်ယောက်မှ မရှိတဲ့အချိန် သင့်အသက်ရှူတာကို ပိုအာရုံစိုက်တတ်လာပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေတတ်လာပြီး အရင်ထက် ပိုအာရုံစိုက်လာနိုင်ပါတယ်။
၃။ ပိုစိတ်မာလာတယ်
တစ်ယောက်တည်း နေရတာ နှစ်သက်တဲ့ သူတွေက တခြားသူတွေ ပိုစိတ်အား ပြင်းထန်ကြပါတယ်။ သင်လုပ်နိုင်တဲ့ အရာတွေကို သိထားပြီး အရင်ထက် ပိုသန်မာလာတတ်ပါတယ်။
၄။ ကိုယ့်ဘဝကိုယ် ပြန်သုံးသပ်လာနိုင်တယ်
သင်က တစ်ယောက်တည်းနေရတာကို ကြိုက်တဲ့သူဆိုရင် အချိန်အချို့မှာ သင့်ကိုယ်သင် ပြန်သုံးသပ်နေမှာပါ။ သင့်ဘဝမှာ ဘာတွေ လိုအပ်နေလဲ၊ ဘာတွေပြောင်းလဲဖို့ လိုသလဲ စသဖြင့် ပိုသိလာပါတယ်။
၅။ ကိုယ်လုပ်ချင်တာ လုပ်နိုင်ခြင်း
တစ်ယောက်တည်း နေရတာ နှစ်သက်သူတွေက အချိန်တိုင်းမှာ ကိုယ်လုပ်ချင်တာ လုပ်နိုင်မှန်း သိပြီး ဒါကို အမြဲဂုဏ်ယူကြပါတယ်။ ကိုယ်ဝတ်ချင်တာ ဝတ်နိုင်သလို ကိုယ်သွားချင်တာ သွားနိုင်တဲ့ ဘဝကို ကျေးဇူးတင်တတ်ကြပါတယ်။
၆။ ကိုယ့်ခံစားချက်နဲ့ ကိုယ် ဆက်သွယ်မိလာတယ်
တစ်ယောက်တည်းနေရတာက ဘာမှမဖြစ်ကြောင်း လက်ခံလိုက်တဲ့အချိန် ကိုယ့်ခံစားချက်နဲ့ ပြန်ဆက်သွယ်လာနိုင်ပါလိမ့်မယ်။ ကိုယ့်အတွေးတွေကို ပိုသိလာပါတယ်။
၇။ အလုပ်တွေပိုပြီးလာတယ်
တစ်ကိုယ်တည်း သမားတွေက တခြားသူတွေထက် အလုပ်ပြီးတာ ပိုမြန်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုအာရုံစိုက်နိုင်ကြပါတယ်။
၈။ ပိုပျော်လာတယ်
သင်က တစ်ယောက်တည်း ပျော်ပျော်နေနိုင်မယ်ဆိုရင် အရင်ထက် ပိုပျော်ရွှင်လာပါလိမ့်မယ်။ အနှောင့်အယှက်၊ အာရုံစိုက်စရာတွေ အရင်ထက် ပိုနည်းလာပါလိမ့်မယ်။
၉။ သင့်အကြောင်းသင် ပိုသိလာတယ်
တစ်ယောက်တည်းနေတဲ့အချိန် ကိုယ်ဘာကြိုက်လဲ၊ ဘာမကြိုက်ဘူးလဲ ပိုသိလာပါတယ်။ ဒီလိုသိနိုင်ဖို့က တစ်ယောက်တည်း နေရတာ ကြိုက်တဲ့အချိန်မှ သိနိုင်မှာပါ။
၁၀။ တခြားသူတွေကို ပိုကျေးဇူးတင်တတ်လာတယ်
တစ်ယောက်တည်းနေရင်းနဲ့ တခြားသူတွေအပေါ် သင့်အမြင်က ပြောင်းလဲလာနိုင်ပါတယ်။ သူ့ဘက်က ပိုတွေးတတ်လာပါတယ်။
၁၁။ ပိုအမှီအခိုကင်းပြီး ပိုယုံကြည်မှု မြင့်လာတယ်
တစ်ယောက်တည်း ရင်ဆိုင်ရဲတယ်ဆိုတဲ့ အသိကြောင့် အရင်ထက် ပိုအမှီအခိုကင်းလာလေ့ရှိပါတယ်။ ဒါ့အပြင် သင့်ကိုယ်သင် အရင်ထက် ပိုယုံကြည်မှု မြင့်လာပါလိမ့်မယ်။
၁၂။ ပမာဏထက် အရည်အသွေးကို ပိုတန်ဖိုးထားတတ်လာတယ်
အပေါင်းအသင်းမိတ်ဆွေတွေ များတာထက် ကိုယ့်အပေါ် တကယ်စစ်မှန်တဲ့ သူငယ်ချင်းအနည်းငယ်သာ ရှိတာ ပိုကောင်းကြောင်းကို တစ်ယောက်တည်း နေတဲ့သူတွေ ပိုသိလာနိုင်ပါတယ်။
၁၃။ တစ်ယောက်တည်းနေဖို့ မကြောက်တော့ဘူး
တစ်နေရာရာသွားဖို့ တစ်ယောက်တည်း ဖြစ်လည်း အဆင်ပြေတယ်ဆိုတဲ့ခံစားချက်ကို တစ်ယောက်တည်းနေရခြင်း တန်ဖိုးကို သိသူတွေ ခံစားဖူးမှာပါ။
၁၄။ တွဲတဲ့အခါ
တစ်ယောက်တည်း နေနိုင်တာကြောင့် လူတစ်ယောက်နဲ့ တွဲတဲ့အခါလည်း အရူးအမူး မဖြစ်တတ်ကြပါဘူး။
၁၅။ အသိအမှတ်ပြုမခံရလည်း ကျေနပ်သူတွေ
တစ်ယောက်တည်း နေရတာ နှစ်သက်သူမို့ ကိုယ့်အကြောင်းကိုယ် သိထားကာ တစ်ခြားသူနဲ့ မနှိုင်းယှဉ်တတ်ဘဲ တခြားသူရဲ့ အသိအမှတ်ပြုစကားတွေကိုလည်း မမက်မောကြပါဘူး။
၁၆။ ခိုင်မာတဲ့ ဆက်ဆံရေးတွေရှိတယ်
တစ်ကိုယ်တည်းနေရတာ ပျော်သူမို့ သင့်ကိုယ်သင် ယုံကြည်ပြီး နက်ရှိုင်းတဲ့ သိကျွမ်းမှုကြောင့် တခြားသူတွေနဲ့ ပေါင်းသင်းတဲ့အခါလည်း ခိုင်မာတဲ့ ဆက်ဆံရေးရှိပါတယ်။
၁၇။ ပျော်ရွှင်မှု
တစ်ယောက်တည်း နေရတာ နှစ်သက်သူတွေက ပျော်ရွှင်မှုဆိုတာ အပြင်ကနေ ရှာနေရတာ မဟုတ်ဘဲ ကိုယ့်ဆီက လာမှန်း သိတတ်ကြပါတယ်။
၁၈။ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ကြတယ်
တစ်ယောက်တည်း နေရတာ နှစ်သက်ရင် ကိုယ့်အကြောင်းကိုယ် ပိုသိလာပါလိမ့်မယ်။ ကိုယ့်ပန်းတိုင်ကိုယ် သိပြီး ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ကြလေ့ရှိပါတယ်။
Photo Source: Pinterest
By MyStyle Myanmar