သင် ကျောင်းတက်တဲ့အချိန် သင်ယူခဲ့ရမယ့် အရာတစ်ခုကတော့ ကျောင်းအခန်းထဲက ကျောင်းသားတွေ အားလုံးဟာ အမူအကျင့်၊ ခံယူချက်တွေ ကွဲပြားကြတယ် ဆိုတာပါပဲ။ စာအတော်ဆုံး ကျောင်းသားနဲ့ အပျင်းဆုံး ကျောင်းသားဆိုပြီး အစွန်း ၂ ဖက် ရှိတာကို သင်ကြုံခဲ့ဖူးမှာပါ။ ငယ်ငယ်တုန်းက ဆရာမတိုင်း ကြည့်မရတဲ့ ပေါတောတောတွေ လုပ်တတ်တဲ့ ကျောင်းသားတွေလည်း သင် ကြုံခဲ့နိုင်ပါသေးတယ်။

ဒီတစ်ခေါက်မှာတော့ Disney နာမည်ကျော် ကာတွန်းတွေထဲက ဇာတ်ကောင်တွေသာ ကျောင်းတူတူ တက်ခဲ့ရရင် ဘယ်လိုပုံစံ ဖြစ်နေမလဲ သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

စာမေးပွဲရလဒ်မကောင်းလို့ ဆရာမကို ပန်းသီးကျွေးမယ့် Snow White ရဲ့ မိထွေး Evil Queen ပေါက်စလေး

ငြီးငွေ့ဖို့ကောင်းတဲ့ ဘာသာရပ်နဲ့ စာတွေပဲ သင်နေတဲ့ စာသင်ခန်းထဲကို Rapunzel သာ ရောက်ခဲ့မယ်ဆိုရင် ဆံပင်ရှည်ကို တွဲလောင်းချပြီး အတန်းပြေးနေလောက်ပါပြီ။

Sleeping Beauty လေး Aurora ကတော့ အတန်းတက်တာနဲ့ စအိပ်မယ့်သူ ဖြစ်လောက်ပါတယ်။

Aladdin သာ စာမကျက်ရင် မီးခွက်စောင့် Genie လည်း ဆုတောင်းတွေ ဖြည့်ပေးရလွန်းလို့ Wish တွေ ကျန်တော့မှာ မဟုတ်ပါဘူး။

Beauty အလှလေး Belle ကတော့ အတန်းမှာ စာအတော်ဆုံး ကျောင်းသူ တစ်ဦး ဖြစ်လောက်ပါတယ်။

Beast ကတော့ သူ့မှာရှိတဲ့ စာရေးကိရိယာတွေကိုပါ အသက်ဝင်အောင် ဖန်တီးနိုင်လောက်ပါတယ်။

Lilo သာ ကျောင်းနောက်ကျခဲ့ရင် အချက်အလက် တိတိကျကျနဲ့ ဆင်ခြေပေးနေလောက်မှာပါ။

Stitch သာ ကျောင်းတက်ရင် စာမတော်လောက်ပါဘူး။

Ariel သာ ကျောင်းတက်ရင် ခေါင်းဖြီးကို ဘယ်လို သုံးရမလဲ သိဦးမှာ မဟုတ်ပါဘူး။ ခဲတံနဲ့ ခေါင်းဖြီးနေတဲ့ ကောင်မလေးကို Eric ကတော့ ငေးနေလေရဲ့။

ကျောင်းသားတော်တော်များများကတော့ Violeta ရဲ့ အမြန်နှုန်းကို အားကျကြမှာပါ။

Mulan က Mushu ကို ကျောင်းမခေါ်လာခဲ့ရင် ပိုကောင်းမယ်နော်။

ကျောင်းစည်းကမ်းသာ နားထောင်ကြေးဆိုရင် ဒီကလေးတွေ ကျောင်းတက်ရတော့မှာ မဟုတ်ပါဘူး။

Cinderella က သန့်ရှင်းရေးအလုပ် ကောင်းလွန်းလို့ စာမကျက်ဘဲ ဒါပဲ လုပ်နေလောက်ပါတယ်။

ခဏလေးနဲ့ ပျင်းတတ်တဲ့ Anna က သူ့စာအုပ်ထဲက အရုပ်တွေနဲ့ပါ စကားပြောနေလောက်ပါတယ်။

Merida နဲ့ Moana ကတော့ ကျောင်းအားကစား ဘက်မှာ အတော်ဆုံး ကျောင်းသူတွေ ဖြစ်နေနိုင်ပါတယ်။

သိပ္ပံဘာသာမှာ တော်ကြလွန်းလို့ အတန်းတောင် မဆန့်လောက်ပါဘူး။

ပန်းချီဆွဲတဲ့ နေရာမှာ တော်တဲ့သူရှိသလို Merida လို ကျောင်းသူလည်း ရှိနေတတ်ပါသေးတယ်။

ဆရာဆရာမတွေအနေနဲ့ ဖြစ်နိုင်ရင် တံခါးပါ ပိတ်ထားရလောက်ပါတယ်။

သင်က အပေါ်က Disney ဇာတ်ကောင်တွေထဲ ဘယ်ဇာတ်ကောင်နဲ့ တူတဲ့ ကျောင်းသားလဲ ပြောပြခဲ့ပါဦး။

Source: Brightside

by MyStyle Myanmar