လက်ရှိမှာ စစ်မှုထမ်းနေဆဲဖြစ်ပေမယ့်လည်း ဒီနှစ်ထဲမှာပဲ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မယ့် K-Pop Idol 17 ယောက်ရှိပါတယ်။ ဒီသတင်းက Fan တွေအတွက်တော့ အရမ်းကိုဝမ်းသာစရာကောင်းတဲ့ သတင်းပါပဲ။ မကြာခင်အချိန်မှာ ကိုယ်ချစ်တဲ့ Idol တွေနဲ့ပြန်တွေ့ရတော့မယ်ဆိုတဲ့ ခံစားမှုမျိုးကို ရစေပါတယ်။ ဒီ June လကစပြီး December လအတွင်း ဘယ် Idol တွေက စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မှာလဲဆိုတာကို ကြည့်လိုက်ရအောင်။

1. Jin (BTS)

Jin က December 13, 2022 မှာ စတင်ပြီး စစ်မှုထမ်းခဲ့တာဖြစ်လို့ လာမယ့် June 12 ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးပါပြီ။ တွေ့ရဖို့ ရက်ပိုင်းလေးပဲလိုတော့တာနော်။

2. Gunmin (B.I.G)

Gunmin ကတော့ January 26, 2023 မှာစတင်ပြီး စစ်မှုထမ်းခဲ့တာဖြစ်လို့ July 27 ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးပါပြီ။ တွေ့ရဖို့ တစ်လကျော်လေးပဲ လိုပါတော့တယ်။

3. Seungyeop (E’LAST)

Seungyeop ကတော့ January 31, 2023 မှာစစ်မှုထမ်းတာဝန် စတင်ခဲ့တာဖြစ်ပြီး လာမယ့် August 1 ရက်နေ့မှာပဲ စစ်မှုထမ်းတာဝန်ပြီးဆုံးပါတော့မယ်။

4. Wonho

Wonho ကတော့ December 5, 2022 မှာ စစ်မှုထမ်းတာဝန်စတင်ခဲ့ပြီး လာမယ့် September 4 ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာပါ။

5. Hun (N.Flying)

Hun ကတော့ March 20, 2023 မှာ စစ်မှုထမ်းတာဝန်စတင်ခဲ့ပြီး လာမယ့် September 18 ရက်နေ့မှာ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာပါ။

6. Jaeyoon (SF9)

Jaeyoon ကလည်း March 21, 2023 မှာ စစ်မှုထမ်းတာဝန်စတင်ခဲ့တာဖြစ်လို့ လာမယ့် September 19 ရက်နေ့မှာတော့ စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

7. Seungsik (VICTON)

Seungsik ကလည်း March 22, 2023 မှာ စစ်မှုထမ်းတာဝန်စတင်ခဲ့တာဖြစ်လို့ လာမယ့် September 20 ရက်နေ့မှာတော့ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာပါ။

8. Mino (WINNER)

Mino ကတော့ March 24, 2023 မှာ စစ်မှုထမ်းတာဝန်စတင်ခဲ့ပြီး လာမယ့် September 22 ရက်နေ့မှာပဲ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာ ဖြစ်ပါတယ်။

9. Minhyuk (MONSTA X)

Minhyuk ကတော့ April 4, 2023 မှာ စစ်မှုထမ်းတာဝန်စတင်ခဲ့တာဖြစ်လို့ လာမယ့် October 3 ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးပါမယ်။

10. J-Hope (BTS)

J-Hope ကလည်း April 17, 2023 မှာ စစ်မှုထမ်းတာဝန်စတင်ခဲ့တာဖြစ်လို့ လာမယ့် October 17 ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးပါမယ်။

11. Jay B (GOT7)

Jay B ကတော့ February 2, 2023 မှာ စစ်မှုထမ်းတာဝန်စတင်ခဲ့တာဖြစ်ပြီး လာမယ့် November 1 ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာ ဖြစ်ပါတယ်။

12. Jinyoung (GOT7)

Jinyoung က May 8, 2023 မှာ စစ်မှုထမ်းတာဝန်စတင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် November 4 ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

13. Dongsung (N.Flying)

Dongsung ကလည်း May 8, 2023 မှာ စစ်မှုထမ်းတာဝန်စတင်ခဲ့တာပါ။ Dongsung ကတော့ လာမယ့် November 7 ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာ ဖြစ်ပါတယ်။

14. Kai (EXO)

Kai ကတော့ May 11, 2023 မှာ စစ်မှုထမ်းတာဝန် စတင်ခဲ့တာဖြစ်ပြီး လာမယ့် November 7 ရက်နေ့မှာတော့ စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မှာပါ။

15. Jaehyun (N.Flying)

Jaehyun ကတော့ May 23, 2023 မှာ စစ်မှုထမ်းတာဝန် စတင်ခဲ့တာဖြစ်လို့ လာမယ့် November 24 ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာ ဖြစ်ပါတယ်။

16. Sejun (VICTON)

Sejun ကတော့ June 13, 2023 မှာ စစ်မှုထမ်းတာဝန်စတင်ခဲ့တာဖြစ်ပြီး ဒီနှစ် December 12 ရက်နေ့မှာပဲ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာပါ။

17. Yoon (WINNER)

ဒီနှစ်ထဲမှာပဲ စစ်မှုထမ်းတာဝန်ပြီးဆုံးမယ့် နောက်ဆုံး Idol ကတော့ Yoon ဖြစ်ပါတယ်။ Yoon က June 20, 2023 မှာ စတင်ပြီးစစ်မှုထမ်းခဲ့တာပါ။ ဒီနှစ် December 20 ရက်နေ့မှာတော့ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာ ဖြစ်ပါတယ်။