ဟယ်လို MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ်ပျိုမေတို့ရေ..ဒီတစ်ခါမှာတော့ MyStyle Myanmar ကနေပြီး ဖော်ပြပေးချင်တာကတော့ မိန်းကလေးချင်းအတူတူတောင်မှ ကွဲပြားခြားနားမှုတွေရှိနေတယ်ဆိုတာကို ဟာသအနေနဲ့ ကာတွန်းလေးတွေနဲ့အတူ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Planet Prudence လို့ အမည်ရတဲ့ အနုပညာရှင်အမျိုးသမီးဟာဆိုရင် သူမရဲ့ကိုယ်ပိုင်ဘဝကို အခြေခံပြီးတော့ ဒီကာတွန်းလေးတွေကို ရေးဆွဲခဲ့တာပါ။ အမျိုးသမီးအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပြီးတော့ သူတို့ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို သရုပ်ဖော်ပေးနေတဲ့ ဒီကာတွန်းထဲက အဓိကကာရိုက်တာအမျိုးသမီးလေးဟာဆိုရင် ကိုးရိုးကားရာလည်းနိုင်လှသလို တစ်ချိန်တည်းမှာပဲ ချစ်စရာလည်းကောင်းလှပါတယ်။

စိတ်ညစ်စရာတွေ ခဏတာမေ့သွားပြီးတော့ ပြန်လည်ပျော်ရွှင်လာစေဖို့အတွက်ရည်ရွယ်ပြီး ဒီကာတွန်းလေးတွေကို ပြန်လည်မျှဝေပေးတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူ့ဘယ်သူကိုမှ မကောင်းစိတ်နဲ့ရည်ရွယ်ပြီး ဖော်ပြပေးတာမဟုတ်လို့ ဟာသအနေနဲ့မြင်ယောင်ပြီး ကြည့်ပေးပါလို့လည်း တစ်ပါတည်းမေတ္တာရပ်ခံချင်ပါတယ်နော်။

Image Source: Planet Prudence