သင့်ကလေးဘဝတည်းက သူငယ်ချင်းက သင့်အကြောင်းကို အခြားလူတွေထက် ပိုသိနေတတ်ပါတယ်။ အသက်ကြီးလာတဲ့အချိန် ဒီလိုယုံကြည်ရတဲ့လူကို ထပ်တွေ့ဖို့က ရာခိုင်နှုန်းနည်းသွားပါပြီ။ သင်က ကလေးဘဝတည်းက ပေါင်းခဲ့ပြီး ဒီအချိန်ထိ ဆက်ပေါင်းတုန်း သူငယ်ချင်းတစ်ယောက်ပိုင်ဆိုင်ရင်တော့ သင့်အတွက် ဂုဏ်ယူစရာပါပဲ။ ငယ်စဉ်ကတည်းက သူငယ်ချင်းဖြစ်ခဲ့တဲ့လူအချင်းချင်းသာ နားလည်တဲ့ ခံစားချက် (၁၆) ချက်ကတော့-

၁။ သင်က သူတို့အရှေ့ရောက်ရင် အရှက်မရှိတော့ပါဘူး။


၂။ သင်တို့သူငယ်ချင်းတွေက တစ်ယောက်အကြောင်း တစ်ယောက် အတွင်းကျကျ သိတာမို့ သင်လိမ်နေလည်း သူတို့က သိပါတယ်။ သူတို့ လိမ်နေလည်း သင်သိပါတယ်။ စုံထောက်ကောင်းတွေပေါ့။

၃။ သင်တို့ သူငယ်ချင်းတွေက အခက်အခဲပေါင်း များစွာ ၊ ပြဿနာပေါင်းများစွာကို အတူတူ ဖြတ်ကျော်ခဲ့ပြီးပါပြီ။


၄။ သင်မဟုတ်တဲ့ အခြားလူတစ်ယောက်နဲ့ ပေါင်းတဲ့အချိန် သင်က သဝန်တိုမိတတ်ပါတယ်။

၅။ သင်တို့ ရဲ့ အချစ်ဦးကိုယ်စီ၊ အသည်းကွဲခဲ့တဲ့ ပထမဆုံးအချိန်တွေကို အချင်းချင်း သိကြပါတယ်။


၆။ အခြားလူတွေနားမလည်နိုင်တဲ့ သင်တို့ပဲ သိတဲ့ ဟာသတွေရှိပါတယ်။

၇။ အချင်းချင်း ဝေဖန်တာတွေမရှိတော့ပါဘူး။ သင့်အားနည်းချက်တွေ၊ သင်မကြိုက်တာတွေအားလုံးကို သူတို့ဆီမှာ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်လို့ပါ။

၈။ သင်က သူတို့အောင်မြင်မှုအတွက် ပျော်မဆုံး ဝမ်းသာတတ်ပါတယ်။


၉။ သူတို့က သင့်အကြောင်းကို သင့်မိသားစုထက် ပိုသိနေတတ်ပါတယ်။

၁၀။ သင်တို့ ကြီးကြီးမားမား ရန်ဖြစ်ဖူးပေမယ့် ပြန်တည့်ကြတာပါပဲ။

၁၁။ တစ်ယောက်လိုတဲ့အချိန် တစ်ယောက်က အဆင်သင့်ရှိနေတတ်ပါတယ်။

၁၂။ သင်တို့ မတွေ့ရတာ ဘယ်လောက်ထိပဲ ကြာပါစေ။ ပြန်တွေ့တဲ့အချိန် မနေ့တစ်နေ့ကမှ တွေ့ပြီးသလို ရင်းရင်းနှီးနှီးရှိနေတုန်းပါပဲ။


၁၃။ သင့်ရဲ့ အဆိုးဝါးဆုံးအချိန်တွေကို သူတို့ မြင်ဖူးပါတယ်။


၁၄။ တစ်ခါတလေ သင်တို့ က စိတ်ချင်းဆက်နေတတ်ပါတယ်။


၁၅။ သင်တို့ သူငယ်ချင်းတွေရဲ့ ကြုံခဲ့ရတဲ့အမှတ်တရတွေက များလွန်း်လို့ စာကြည့်တိုက် အပြည့်တောင် နေရာယူသွားနိုင်ပါတယ်။


၁၆။ သူတို့က သင့်ဘဝရဲ့ မိသားစုဝင်တစ်ယောက် ထာဝရဖြစ်နေမှာပါ။


သင့်မှာကော ငယ်စဉ်ကတည်းက ပေါင်းခဲ့ပြီး ဒီအချိန်ထိ အဆက်အသွယ်ရှိသေးတဲ့ သူငယ်ချင်း ပိုင်ဆိုင်သေးလား။ သူတို့ကို Mention ခေါ်လိုက်ပါဦးနော်။

Source: Brightside.me

By MyStyle Myanmar