သင်က ဘယ်လောက်ပဲ ပျော်ရွှင်စရာ ကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားပါစေ၊ ဘယ်လောက်ထိ ကောင်းတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို ပိုင်ဆိုင်ထားပါစေ အဆုံးသတ်မှာတော့ သင်တစ်ယောက်တည်း ဖြစ်သွားပါလိမ့်မယ်​။ အချိန်တိုင်းမှာ ကိုယ့်အတွက် ကိုယ်ပဲ ရှိတာမို့လို့ Single ပဲဖြစ်ဖြစ် Relationship/Married ပဲဖြစ်ဖြစ် တစ်ယောက်တည်း ပျော်ပျော်နေနိုင်ဖို့ လေ့ကျင့်ထားသင့်ပါတယ်​။ အခု ဖော်ပြထားတဲ့အချက်တွေကတော့ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် လုပ်နိုင်မယ့် အရာတွေ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ လမ်းလျှောက်ထွက်ပါ

ကိုယ့်အိမ်နားက လူတော်တော်များများ သွားတဲ့ ပန်းခြံ ဒါမှမဟုတ် လမ်းလျှောက်လို့ ကောင်းတဲ့နေရာမှာ လမ်းထွက်လျှောက်နိုင်ပါတယ်။

၂။ စာအုပ်ဖတ်ပါ

တစ်ယောက်တည်း နေတဲ့အချိန် အလိုလို တိုးတက်နေဖို့ စာအုပ်ဖတ်နိုင်ပါတယ်။ စာအုပ်ဖတ်တာက ဘတ်စုံတိုးတက်နိုင်ဖို့ နည်းလမ်းပါပဲ။

၃။ TV အစီအစဉ်တွေ ကြည့်ပါ

Single တွေ အနေနဲ့ တစ်ယောက်တည်း ပျော်ပျော်ကြီး လုပ်နိုင်မယ့် အရာတစ်ခုကတော့ ဇာတ်လမ်းကြည့်တာ၊ TV အစီအစဉ်တွေ ကြည့်တာပါ။

၄။ ဟင်းချက်ပါ

ကိုယ်မစားဖူးတဲ့ Menu အသစ်တွေကို တီထွင်ပြီး ချက်နိုင်ပါတယ်။

၅။ တစ်ခုခု အကြောင်းရှာဖွေပါ

သမိုင်းကြောင်းတစ်ခုခု၊ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုခုအကြောင်းကို ရှာဖွေနိုင်ပါတယ်။

၆။ Workout သင်တန်းတက်ပါ

အကုန်စုပေါင်းပြီး လေ့ကျင့်ခန်း တူတူလုပ်ရတဲ့ Class တွေကို လိုက် Join တာက ပျော်ဖို့ကောင်းပါတယ်။

၇။ လက်သည်းဆိုးပါ

Single မိန်းကလေးတွေအနေနဲ့ ကိုယ့်လက်သည်းကို အမြဲလှအောင် ထားသင့်ပါတယ်။

၈။ အနာဂတ်က ကိုယ့်ဆီစာရေးပါ

အခုလက်ရှိမှာ Single ဖြစ်နေပေမယ့် အနာဂတ်မှာ ကိုယ့်အပေါ် တန်ဖိုးထားပြီး တကယ်ချစ်တဲ့ လူတစ်ယောက် ပေါ်လာနိုင်ပါတယ်။ အနာဂတ်က ကိုယ့်ဆီကို စာပြန်ရေးနိုင်ပါတယ်။

၉။ Vision Board လုပ်ပါ

ကိုယ့်ရည်မှန်းချက်တွေ၊ ကိုယ်လိုချင်တဲ့ ပုံရိပ်တွေကို Board တစ်ခုပေါ်မှာ စုပေါင်းပြီး ဖန်တီး မြင်ယောင်နိုင်ပါတယ်။

၁၀။ Music Playlist တစ်ခုလုပ်ပါ

တစ်ယောက်တည်း နေရတာလည်း အဆင်ပြေကြောင်း၊ ပျော်ဖို့ကောင်းကြောင်း သီဆိုထားတဲ့ သီချင်းတွေကို စုပြီး Playlist တစ်ခု လုပ်နိုင်ပါတယ်။

၁၁။ ကိုယ့်အခန်းကို ပြန်အလှဆင်ပါ

ကိုယ့်အခန်းကို ကိုယ့်ပုံစံလေး ထင်ဟပ်နေအောင် အလှဆင်နိုင်ပါတယ်။

၁၂။ ကိုယ့်အဝတ်ဗီဒိုကို သန့်ရှင်းပါ

သင်က ဘာမှလုပ်စရာမရှိရင် သင့်အဝတ်ဗီဒိုကို ပြန်ရှင်းပြီး သင်နှစ်သက်တဲ့ အင်္ကျီတွေ၊ သင်နဲ့မတော်တဲ့ အင်္ကျီတွေကို ပြန်ရှာနိုင်ပါတယ်။

၁၃။ တရားထိုင်ပါ

တစ်ယောက်တည်းသမားတွေ လုပ်နိုင်မယ့် အရာကတော့ စိတ်တည်ငြိမ်စေတဲ့ တရားထိုင်တာပါ။

၁၄။ ကိုယ့် To-Do List ကို ပြီးအောင်လုပ်ပါ

ကိုယ်လုပ်စရာရှိတာ အကုန်လုံးကို To-Do List ထဲထည့်ပြီး ပြီးအောင် လုပ်တာက ကိုယ့်ကို ပျော်ရွှင်စေပါလိမ့်မယ်။

၁၅။ ကိုယ့်ကိုယ်ကိုယ် ကြိုက်တဲ့အရာတွေ ချရေးပါ

Single မိန်းကလေးတွေအနေနဲ့ ကိုယ့်အားနည်းချက်တွေကို အားပေးဖေးမ သင့်ပြီး အားသာချက်တွေကိုတော့ ချီးကျူးပေးသင့်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် ဖြစ်စေချင်တဲ့ အရာတွေကို တကယ်ဖြစ်နေသလို တွေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar