ကျစ်ဆံမြီးကျစ်ရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ အမျိုးမျိုးပြင်ဆင်ပြီး ကျစ်လို့ရအောင် ကျစ်ဆံမြီး Hairstyle (၁၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ကို အမျိုးမျိုးပြင်ဆင်ရတာလည်း ကြိုက်တယ်၊ ကျစ်ဆံမြီးကျစ်ရတာလည်း ကြိုက်တယ်ဆိုရင်တော့ ဒီ Hairstyle လေးတွေက အရမ်းကိုအသုံးဝင်မှာ သေချာပါတယ်။

ကျစ်ဆံမြီးနှစ်ဖက်ကျစ်တာကိုမှ ဘေးချပြီးကျစ်ရတာတွေ ရိုးလာရင် ဒီလိုလေးကြည့်ကြည့်ပါ။

ဒါကတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းနေမယ့် Hairstyle လေးပါ။ ဆံပင်ဖားလျားချရတာပဲ ကြိုက်တယ်ဆိုရင် ဒီလိုလေးကျစ်ပါ။

လူငယ်ဆန်ပြီး အမြင်ဆန်းစေမယ့် နောက်ထပ် ကျစ်ဆံမြီး Hairstyle လေးပဲ ဖြစ်ပါတယ်။

ကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်တာကိုမှ ပိုချစ်ဖို့ကောင်းအောင် ကျစ်ချင်ရင် ဒီလိုလေးလုပ်ကြည့်နော်။

Bad Girl Style လေးနဲ့ အထာကျပြီးမိုက်နေမယ့် ကျစ်ဆံမြီး Hairstyle လေးပါ။

ဆံပင်ရှည်တယ်၊ အုံလည်းထူတယ်ဆိုရင် ဒီလိုလေးကျစ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဆံပင်ရှည်ရင် ဒီလိုလေးလည်း ကျစ်ဆံမြီးကျစ်လို့ရပါတယ်။ ကပိုကယိုလေးနဲ့ မိန်းကလေးဆန်ပြီး လှပနေမယ့် Hairstyle လေးပါ။

လူငယ်ဆန်ဆန်၊ မိန်းကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းအောင် ကျစ်မယ်ဆိုရင် ဒီလိုလေးတွေ ကျစ်ကြည့်ပါ။ ဆံပင်အရောင်ဆိုးထားရင် ပိုတောင်လှပါသေးတယ်။

ဆံပင်ထိပ်လေးမှာ ကျစ်ဆံမြီးကို ဒီလိုကျစ်တာမျိုးလေးက မိန်းကလေးဆန်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဆံပင်ကောက်ထားရင် ကျစ်ဆံမြီးကို ဒီလိုလေး ကျစ်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

နုနုရွရွလေးတွေကြိုက်ရင်တော့ ကျစ်ဆံမြီးကို ဒီလိုလေးကျစ်ကြည့်ပါ။

ပူအိုက်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ပွဲတက်စရာရှိတဲ့အခါမှာပဲဖြစ်ဖြစ် ဒီလိုကျစ်ဆံမြီး Hairstyle လေးက အရမ်းလှပါတယ်။

ဆံပင်တစ်ဖက်ချပြီး ဒီလိုကျစ်ဆံမြီးကျစ်တာကျတော့ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

အထာကျကျနဲ့ လူငယ်ဆန်ဆန်လေးဆိုရင် Jennie ရဲ့ ဒီ Hairstyle လေးအတိုင်းလည်း ကျစ်လို့ရသေးတယ်နော်။

Photo source:www.pinterest.com