အချိန်အများစုမှာ နာမည်ကြီးတွေဟာ စတိုင်ကျပြီး လှနေတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ သက်တောင့်သက်သာဖြစ်တဲ့ ဖိနပ်တွေကို အမြဲဝတ်ခဲ့ရတာ မဟုတ်ပါဘူး။ မကြာခဏ သူတို့ဟာ ကြမ်းတမ်းတဲ့ ဖိနပ်ကြိုးတွေနဲ့ ဆိုဒ်မမှန်တဲ့ ဖိနပ်တွေကို သည်းခံပြီး စီးခဲ့ရပါတယ်။ ကြည့်နေတဲ့ သူကသာ သတိမထားမိလို့ သူတို့ရဲ့ အခက်အခဲကို မသိကြတာပါ။ ဒါပေမဲ့ အခုဖော်ပြထားတဲ့ အခြေအနေတွေကိုတော့ ကင်မရာထဲ အမိအရ ရိုက်နိုင်ခဲ့ပါတယ်။

Kate Moss ရဲ့ ဖိနပ်တွေက ဆိုဒ်ကျပ်နေပုံ ပေါ်ပါတယ်။


Size လုံးဝ မတူဘဲ ဒေါက်အမြင့်ကြီးကို ဝတ်ထားရတဲ့ Penélope Cruz က ဘယ်လောက် ကသိကအောင့်ဖြစ်မလဲ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။


Amy Adams ရဲ့ ခြေချောင်းလေးတွေက ဖိနပ်ကြိုးကျပ်ကျပ်တွေကြား ရောက်နေခဲ့ပါတယ်။


ဖိနပ်ကျပ်တာကြောင့် ခြေချောင်းနေရာတွေ သွေးမလျှောက်တော့ဘဲ ဖြူနေတဲ့ Julianne Moore ရဲ့ ပုံရိပ်ကို တွေ့ရမှာပါ။


Lady Gaga က ဒီဒေါက်ဖိနပ်အမြင့်ကြီးနဲ့ ဘယ်လိုတောင် လမ်းလျှောက်နိုင်လဲ တွေးမရပါဘူး။

ဖိနပ်နဲ့ ခြေထောက်က လွတ်ထွက်သွားတာကို ထိန်းစီးနေရတဲ့ Kim Kardashian


ခြေထောက်ရှေ့ထွက်နေတဲ့ Jessica Simpson ရဲ့ အဖြစ်ကို ကျွန်မတို့ ကြုံဖူးမှာပါ။


ဖိနပ်က သေးပြီး ခြေထောက်က ပိုကြီးနေတဲ့ Rashida Jones ရဲ့ အတွေ့အကြုံက မလွယ်ကူလှပါဘူး။


ထူးခြားတဲ့ ဖိနပ်ကို ဝတ်ထားတဲ့ Angelina Jolie က လှနေပေမယ့် သက်တောင့်သက်သာ မဖြစ်တာ သိသာလှပါတယ်။


Katie Holmes က ဖိနပ်နဲ့ ကွက်တိကျအောင် ခြေချောင်းလေးတွေကို ကုပ်ထားရပါတယ်။


Lea Michele အတွက် ဖိနပ်က ဆိုဒ်ကြီးလွန်းတာကြောင့် ဒါက သူမအတွက် စိန်ခေါ်မှု တစ်ခုလိုပါပဲ။


ဘယ်လောက်ထိ နာကျင်နေမလဲ Charlize Theron ကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။


Bella Hadid က ခြေထောက် ချော်မကျသွားအောင် ရုန်းကန်နေရပါတယ်။


ခြေထောက် အံဝင်ခွင်ကျ ဖြစ်အောင် ညှိနေရတဲ့ Gal Gadot


Katy Perry ရဲ့ ခြေချောင်းအားလုံးအတွက် နေရာမရှိပါဘူး


Jennifer Aniston ရဲ့ ခြေထောက်တွေက ပိုချောင်တဲ့ ဖိနပ်ကြိုးကို ပိုင်ဆိုင်ဖို့ မျှော်လင့်နေမှာပါ။

Source: Brightside

By MyStyle Myanmar