ကိုယ်ဝန်ရှိလာတဲ့အခါ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အလိုက် အဝတ်အစားရွေးချယ်မှုပေါ်မူတည်ပြီး မတူညီတဲ့ မေမေလောင်းတွေ ကွဲထွက်သွားတတ်ပါတယ်။ တချို့က ပူလာတဲ့ ဗိုက်ကလေးကို အမျိုးမျိုး မမြင်ရအောင် ဖုံးတတ်ကြသလို တချို့ကျတော့လည်း ဒီပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ကို ပိုပေါ်လွင်အောင် အင်္ကျီအမျိုးမျိုး ဖန်တီးဝတ်တတ်ပါတယ်။ ဒုတိယ မေမေလောင်းတွေထဲမှာတော့ နာမည်ကျော်တွေဖြစ်တဲ့ Rihanna, Jennifer Lawrence, Ashley Graham နဲ့ တခြားနာမည်ကျော် များစွာ ပါဝင်နေပါတယ်။ အခုဖော်ပြထားတဲ့ နာမည်ကျော် အမျိုးသမီးတွေလိုပဲ မေမေဖြစ်လာမယ့် သူတွေအနေနဲ့ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ် အချိုးအစားကို ဂုဏ်ယူစွာ ပြသနိုင်ပါတယ်။

စီးကွင့်တွေနဲ့ ပုံဖော်ထားတဲ့ Rihanna ရဲ့ ဝတ်စုံက အမြင်ဆန်းသစ်ပြီး လှနေတာပါပဲ။

Jennifer Lawrence က Polka Dot တွေနဲ့ ပုံဖော်ထားတဲ့ အင်္ကျီအကျပ်ကို ယုံကြည်မှု ရှိရှိ ဝတ်ပြထားပါတယ်။

Ashley Graham ရဲ့ ကိုယ်ကျပ်ဝတ်စုံကြောင့် သူမရဲ့ ခန္ဓာကောက်ကြောင်းကို ထင်ရှားစွာ မြင်နိုင်ပါတယ်။

ဗိုက်ကလေးကို ပိုမြင်ရတဲ့ ဝတ်စုံကို သူမ ဝတ်ထားတုန်းပါ။

စကပ်အပါးနဲ့ သာမန်ထက် ပိုလှနေတဲ့ Ashley

မင်းသမီး Anne Hathaway က ဗိုက်အထပ်က အသားမြင်နေရတဲ့ ခရမ်းရောင် ဂါဝန်နဲ့ သူမရဲ့ အလှကို ပြသထားပါတယ်။

ဘောင်းဘီရှည်နဲ့ ဗိုက်ဖုံးအင်္ကျီ ဒီဇိုင်းလှလှလေးနဲ့ မြင်ရတဲ့ Anne Hathaway

ခန္ဓာကိုယ် ကောက်ကြောင်းပေါ်တဲ့ အစိမ်းရောင် ဝတ်စုံနဲ့ လှနေတဲ့ Olivia Wilde

Kim Kardashian က သူမရဲ့ ဗိုက်ကို အဖြူရောင် ကောက်ကြောင်းပေါ်တဲ့ ကိုယ်ကျပ်နဲ့ ဂုဏ်ယူစွာ ဖော်ပြထားပါတယ်။

အနက်ရောင်နဲ့လည်း ဗိုက်ကို ထင်ထင်ရှားရှား ပြသထားတုန်းပါပဲ

Kerry Washington ရဲ့ ကိုယ်လုံးပေါ် ဝတ်စုံ

Ciara က ကျောက်တွေနဲ့ စီထားတဲ့ ဖောက်မြင်နိုင်တဲ့ ဝတ်စုံကို ရဲရဲကြီး ဝတ်ပြထားပါတယ်

ရွှေရောင်မြှားတန်းကြောင့် Beyonce ရဲ့ ဗိုက်ကို တန်းပြီး မြင်နေစေပါတယ်။

အနီရောင် စီးကွင့်တွေနဲ့ ပုံဖော်ထားတဲ့ ဝတ်စုံနဲ့ Beyonce

Kaya Scodelario က သူမရဲ့ ဗိုက်ကို အလွှာမျိုးစုံနဲ့ အလှဆင်ထားပါတယ်။

Source: Brightside

By MyStyle Myanmar