ရည်းစားဟောင်းကို မေ့ပစ်တဲ့ ပုံစံက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ မေ့ပျောက်တဲ့ ဖြစ်စဉ်က သင်ဘယ်လောက်ထိ ချစ်ခဲ့လဲ၊ ခံစားရလဲပေါ် မူတည်ပါတယ်။ ဒါ့အပြင် သင်တို့ရဲ့ ချစ်သူသက်တမ်း၊ ဘယ်လို ပြတ်စဲခဲ့လဲ ဆိုတဲ့အပေါ် မူတည်ပါသေးတယ်။ လမ်းခွဲပြီး ရည်းစားဟောင်း ဖြစ်သွားသူကို မေ့ဖျောက်ပစ်နိုင်ဖို့တော့ အရေးကြီးပါတယ်။ ဒီထဲမှာတော့ ရည်းစားဟောင်းကို မေ့ပစ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြထားပါတယ်။

၁။ သင်တစ်ယောက်တည်း နေရတာ ဘယ်လောက်သာယာကြောင်း သတိရပါ

ရည်းစားမရှိဘဲ တစ်ကိုယ်တည်းဘဝက ဘယ်လောက်ကောင်းကြောင်း သင်တွေးလို့တောင် ရမှာ မဟုတ်ပါဘူး။

၂။ ခံစားခွင့်ပေးပါ

ရည်းစား နဲ့ ပြတ်သွားတဲ့ သင်က သနားဖို့ ကောင်းပါတယ်။ ဒါကို လက်ခံပြီး အသည်းကွဲတဲ့ ဒဏ်ရာကို ခံစားဖို့ အချိန်ပေးသင့်ပါတယ်။

၃။ လုပ်ချင်တာ လုပ်ပါ

သူငယ်ချင်းတွေနဲ့ ခရီးသွားတာ၊ ဝယ်ချင်တာ ဝယ်ပစ်တာ စတာတွေကို အသညး်ကွဲတုန်းပဲ လုပ်နိုင်တာပါ။

၄။ ပြီးပြည့်စုံတဲ့ Playlist တစ်ခု ဖန်တီးပါ

ရည်းစားဟောင်းကို ဒေါသထွက်တဲ့ သီချင်းတွေ၊ လွမ်းတဲ့အချိန် နားထောင်မယ့် သီချင်းတွေ၊ ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့ သီချင်းတွေ စတာတွေကို Playlist လုပ်ထားသင့်ပါတယ်။

၅။ ရည်းစားဟောင်းကို ဖုန်းမခေါ်ပါနဲ့၊ စာမပို့ပါနဲ့

အဆင်မပြေလို့ ပြတ်စဲသွားတာ ဖြစ်တာကြောင့် သူ့ကို ပြန်ခေါ်လို့လည်း ဘာမှ ကောင်းတာ ဖြစ်လာမှာ မဟုတ်ပါဘူး။

၆။ များများတောင်းဆိုပါ

ကိုယ်လိုချင်တဲ့အရာ၊ လုပ်ချင်တဲ့ အရာကို အသည်းကွဲတုန်း များများသာ တောင်းဆိုပစ်ပါ။

၇။ သင်က သူ့ကို လိုက်ကြည့်နေရင်တောင် Unfriend ပစ်ပါ

သင်က သူ့အကြောင်း ဘယ်လောက် သိချင်နေပါစေ Social Media မှာတော့ Unfriend ပစ်သင့်ပါတယ်။ လုံးဝ မမေ့နိုင်ဘူးဆိုရင် သူ့အပြင် အကြောင်းပဲ လိုက်ကြည့်သင့်ပါတယ်။

၈။ စိတ်ကို ရှင်းလင်းအောင် ထားသင့်ပါတယ်

ဒီလို ရှင်းလင်းနေဖို့ သင့်မျက်လုံး ရှေ့ ရည်းစားဟောင်း မပေါ်လာဖို့ လိုအပ်ပါတယ်။

၉။ ဒိတ်လုပ်ပါ

သင့်အကြိုက် မဟုတ်တဲ့ သူမျိုးနဲ့ စကားပြောကြည့်ပါ။ ဒိတ်လုပ်ကြည့်ပါ။ ဒါက အတွေ့အကြုံရသလို အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။

၁၀။ သင့်အချစ်ကို စွန့်လွှတ်ပါ

သူ့အပေါ်ထားတဲ့ သင့်အချစ်ကို စွန့်လွှတ်ပစ်လိုက်ပြီ ဖြစ်ကြောင်း လက်ခံသင့်ပါတယ်။

၁၁။ ကိုယ့်နာကျင်မှုကို ခံနိုင်ရည်ရှိအောင် လုပ်ပါ

သင့်နာကျင်မှုကို ဖြေရှင်းဖို့က သင့်ကိုယ်သင် အားကိုးမှ ရမှာပါ။

၁၂။ ငိုကြွေးပစ်ပါ

သင်က ရည်းစားဟောင်းကို သတိရလို့ ငိုကြွေးခွင့်ရှိပါတယ်။

၁၃။ ပြန်တွဲမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို ဖျောက်ပစ်ပါ

သင့် ရည်းစားဟောင်းက သင့်ကို လုံးဝ မမေ့နိုင်ဘူး၊ အတည်တွဲချင်ပါတယ်၊ တကယ်ချစ်လို့ ပြန်တွဲကြမယ် ဆိုတာက လွဲရင် သင့်အပေါ် မကောင်းဘူးဆိုရင် လုံးဝ ပြန်တွဲဖို့ မစဉ်းစားပါနဲ့။

၁၄။ ကာရံထားပါ

လက်ရှိအချိန် သင်က မမေ့နိုင်သူမို့ သူသင့်ရှေ့ မရောက်လာအောင် တတ်နိုင်သမျှ ကာရံထားသင့်ပါတယ်။

၁၅။ သူ့ဆုံးရှုံးမှုဆိုတာ သိထားပါ

သူ့ကို ဆုံးရှုံးလို့ သင် မနစ်နာသွားပါဘူး။ သင့်အတွက် သင်ရှိပါသေးတယ်။ ဒီအခြေအနေမှာ သင်ကသာ အနိုင်ရသူ တစ်ဦးပါ။

Photo Source: Pinterest

By MyStyle Myanmar