အားလုံးပဲ မင်္ဂလာပါ။ တစ်ခါတလေ စိတ်ညစ်လာတဲ့အချိန် ကိုယ့် Acc ကို De ပြီး တစ်ယောက်တည်းနေချင်စိတ်ဖြစ်လာတတ်ပါတယ်။ ကိုယ့်ကို ဘယ်သူမှ ဂရုမစိုက်တဲ့အချိန် တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်ဆိုရင် ခဏတဖြုတ်ပျောက်ကွယ်ချင်စိတ်ဖြစ်လာတတ်ပါတယ်။ ဒီလိုအချိန် Acc De ပြီးနောက် သင့်အတွက် ပျော်ရွှင်စေဖို့ ပြုလုပ်နိုင်တဲ့အရာတွေရှိပါတယ်။ ဘာတွေလုပ်လို့ရလဲ ကြည့်လိုက်ရအောင်နော်-

၁။ လမ်းထွက်လျှောက်ပါ။

၂။ စာအုပ်ဖတ်ပါ။

၃။ ခန္ဓာကိုယ်ကို အဆိပ်အတောက်ပြယ်အောင် Body Scrub လုပ်ပါ။

၄။ ယောဂကျင့်တာ ဒါမှမဟုတ် အကြောလျှော့ကြည့်ပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ။

၆။ ဖန်တီးမှု တစ်ခုခုပြုလုပ်ပါ။ Handmade ဖြစ်ဖြစ် တစ်ခုခုလုပ်ကြည့်ပါ။

၇။ အခန်းသန့်ရှင်းရေး၊ ဗီဒိုသန့်ရှင်းရေး လုပ်ပါ။

၈။ နောက်တစ်နေ့အတွက် To-Do List ရေးကြည့်ပါ။

၉။ သူငယ်ချင်းတစ်ယောက်ကို ဆက်သွယ်ပါ။

၁၀။ ကိုယ်ခံစားရတာတွေကို စာအုပ်ထဲချရေးကြည့်ပါ။

၁၁။ ဟင်းချက်ကြည့်ပါ။

၁၂။ ပုံဆွဲပါ။ ပန်းချီဆွဲပါ။

၁၃။ တရားထိုင်ပါ။


၁၄။ ဘာသာစကားအသစ်သင်ကြည့်ပါ။

၁၅။ အဝေးတစ်နေရာကို ငေးကြည့်ရင်း ကိုယ့်အတွေးတွေနောက် လိုက်ပါစီးမြောကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar