တစ်ခါတလေ သင့်ခေါင်းထဲမှာ ဘယ်လိုဝတ်ရင် ဘယ်လိုစတိုင်ကျတယ်ဆိုတာ ရုတ်တရက်ပေါ်လာတတ်လား။ သင်က ဖက်ရှင်ကျတဲ့ မိန်းကလေးလား။ အောက်မှာ ပြထားတဲ့ အချက် ၁၅ ချက်နဲ့ ကိုယ်က စတိုင်ကျတဲ့မိန်းကလေး ဟုတ်မဟုတ် ဆန်းစစ်ကြည့်လိုက်ပါနော်။

၁။ သင့်သူငယ်ချင်းနဲ့ မိသားစု၊ အလုပ်ခွင်က လူတွေဟာ သင့်ဆီက ဖက်ရှင်အကြံဉာဏ်တောင်းတတ်ကြတယ်။ သင်ကလည်း သူတို့ကို ဘယ်လိုဝတ်လိုက်ရင် အဆင်ပြေမလဲ တန်းပြီး ပြောပြတတ်ပါတယ်။

၂။ သင်နဲ့ အင်္ကျ ီ ဒီဇိုင်းလည်းတူပြီး တံဆိပ်လည်းတူတဲ့ အင်္ကျ ီဝတ်ထားတဲ့ မိန်းကလေးတွေကို မြင်ဖူးတယ်။ ဒါပေမဲ့ သူတို့က သင်ဝတ်တာမြင်ပြီးမှ သူတို့လည်း လှမယ်ထင်ပြီး လိုက်ဝတ်ကြတာပါ။

၃။ ဘယ်သူမှ သင့်ကို အဝတ်အစားလက်ဆောင်မပေးဖူးပါဘူး။ သင်ဘာကြိုက်တတ်လဲ သူတို့မမှန်းတတ်လို့ပါ။

၄။ လူတစ်ယောက်ယောက်က သင့်ဝတ်စုံလေးလှလို့ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုဖူးပါတယ်။ ဒီလိုတောင်းဆိုခံရတာက တစ်ကြိမ်ထက် မနည်းပါဘူး။

၅။ သင်က ခေတ်ရေစီးကြောင်းနောက်လိုက်မယ့်အစား ရှိတာနဲ့လှအောင် ဝတ်တတ်ပါတယ်။

၆။ လူတွေက သင့်ကို နာမည်ကျော်တဲ့ လူတစ်ယောက်နဲ့တူတဲ့ ပုံစံမျိုးလို့ ပြောတတ်ကြပါတယ်။

၇။ သင့်ကောင်လေးက သင်ဝတ်နေတဲ့ပုံစံကို နားမလည်ပါဘူး။ တစ်ခါတလေ အူကြောင်ကြောင်ဝတ်လာတယ်ဆိုပြီး ပြောတတ်ပါသေးတယ်။ ယောကျာ်းလေးတွေက ပြောင်းလဲနေတဲ့ဖက်ရှင်အကြောင်း သိပ်မသိကြပါဘူး။

၈။ ဘာဝတ်ရမှန်းမသိတဲ့နေ့မှာတောင် သင်က တွဲစပ်ပြီး ဝတ်တတ်ပါတယ်။

၉။ သင်က အထည်ဆိုင်မှာ ပုံဆန်းလေးတွေ့လိုက်တာနဲ့ ဘယ်လိုဝတ်ရင် လှမလဲ ကြိုတွေးပြီးသားဖြစ်နေပါပြီ။ ဒါက သင့်ရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ဆန်းသစ်တီထွင်နိုင်စွမ်းရှိတဲ့ စိတ်ပါ။

၁၀။ သင့်ရဲ့ ဟိုးပဝေသဏီထဲက ပုံတွေကို ပြန်ကြည့်ပေမယ့် သင်ဟာ သင့်စတိုင်ကို ပုံတုံးကြီးလို့ မပြောတတ်ပါဘူး။

၁၁။ အထက်တန်းဆန်တဲ့ ပုံစံရဖို့ ပိုက်ဆံအများကြီးသုံးစရာမလိုဘူးဆိုတာ သင်နားလည်ထားပါတယ်။ ဈေးသက်သာတာကိုလည်း ဈေးကြီးတဲ့ပုံစံဖြစ်အောင် ဝတ်တတ်ပါတယ်။

၁၂။ သင့်ရဲ့စတိုင်ကို ယုံကြည်မှုရှိပြီး အမွှမ်းတင်တတ်ပါသေးတယ်။

၁၃။ သင့်မှာ ချုပ်နေကျ စက်ချုပ်ဆရာရှိပါတယ်။ သင့်သူငယ်ချင်းအချို့ထက်တောင် သူနဲ့ ပိုခင်နေတတ်ပါတယ်။

၁၄။ သင်ဝတ်တဲ့ အဝတ်အစားဒီဇိုင်းအများစုအပေါ်မှာ သင်က ယုံကြည်မှုအပြည့်ပါပဲ။

၁၅။ သင့်ရဲ့ #OOTD ပို့စ်တွေကို လူတွေက မကြာခဏသတိပြုမိတတ်ပါတယ်။

Source: HerBeauty.co

By MyStyle Myanmar