အခုနောက်ပိုင်း ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ မုန့်ဆိုင်တွေ အများအပြား ပေါ်လာပါပြီ။ သင်ကိုယ်တိုင် ဒီလိုဆိုင်တွေမှာ ဓာတ်ပုံရိုက်ဖူးလောက်မှာပါ။ Background လှလှလေးတွေက ဓာတ်ပုံလှလှလေး ရဖို့ မဖြစ်မနေလိုအပ်တဲ့ အရာပါ။ ဒါ့အပြင် သင့်ပို့စ်ပေးပုံကလည်း အရေးပါ ပါသေးတယ်​။ ဒီတော့ ကော်ဖီဆိုင်မှာ ပို့စ်လှလှလေး ပေးနိုင်ဖို့ အိုင်ဒီယာကောင်း (၁၅) ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ပုံစံတွေ အများကြီးထဲက သင်နှစ်သက်တဲ့ ပုံစံလုပ်နိုင်သလို ဒီလို Collage Idea လေးလည်း ဖန်တီးနိုင်ပါတယ်။

၂။ မျက်နှာကိုကွယ်ပြီး ရယ်နေတဲ့အချိန် Snap ရိုက်လိုက်တာက သဘာဝကျကျလေးနဲ့ ကြည့်ကောင်းပါတယ်။

၃။ အအေးပိုက်လေးကို လက်နဲ့ ကိုင်ရင်း တစ်ဘက်က အဆင်လေးကို ငမ်းနေတဲ့ ပုံစံလေးကလည်း အိုင်ဒီယာကောင်းပါပဲ။

၄။ မေးထောက်ကာ ကင်မရာကို တည့်တည့်ကြည့်ပြီး ပဲများမယ်။

၅။ ပေါင်မုန့်လှလှလေးရှိမယ်ဆိုရင် သင့်မျက်နှာကို ဒီလိုလေး ကွယ်ပြီး ရိုက်နိုင်ပါတယ်။

၆။ Waiter ကောင်လေးကို ခေါ်တော့မယ့်အချိန် ဒီလိုလေး Snap ဖမ်းနိုင်ပါတယ်။

၇။ ပေါ့ပေါ့ပါးပါး ပို့စ်ပေးချင်ရင်တော့ ဒီပုံစံလေးတွေက သင်နဲ့ လိုက်ဖက်မှာပါ။

၈။ ကော်ဖီခွက်လေးနဲ့ နှုတ်ခမ်းကို ပိတ်ထားကာ ခေါင်းလေး စောင်းနေမယ်။

၉။ မေးထောက်ပြီး ကင်မရာကို ဂရုမစိုက်တဲ့ပုံစံလေး ပို့စ်ပေးမယ်။

၁၀။ အအေးသောက်ပြီး စဉ်းစားနေတဲ့ ပုံစံလေးကလည်း ချစ်ဖို့ကောင်းပါတယ်။

၁၁။ မျက်နှာမပြချင်တဲ့ ကောင်မလေးတွေ လိုအပ်တာကတော့ အအေးဘူး တစ်ဘူးပါပဲ။

၁၂။ အခုနောက်ပိုင်း နှာခေါင်းနဲ့ ပါးစပ်ကို လက်နဲ့အုပ်ပြီး ပို့စ်ပေးတာကို လူငယ်မိန်းကလေးတွေ လုပ်လာကြပါတယ်။

၁၃။ Front Camera နဲ့ပဲ Selfie သဘောရိုက်လို့ရမယ့် ပို့စ်အိုင်ဒီယာပါ။

၁၄။ ဘေးစောင်းလေး ထိုင်ပြီး ပို့စ်ပေးလို့ ရတဲ့ ဆိုင်ဆိုရင်တော့ ဒီပုံစံလေး ပို့စ်ပေးဖို့ မမေ့သင့်ပါဘူး။

၁၅။ ဒီပုံစံကတော့ တည်ငြိမ်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်မယ့် ပို့စ်ပေးနည်း ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar