တစ်ခါတစ်လေကျရင် ဘဝဇာတ်လမ်းဇာတ်ကြောင်းတွေကို ပြန်လည်ပြောပြတဲ့အချိန်မှာ စကားလုံးတွေဖောင်ဖွဲ့ပြီးသီကုံးရေးဖွဲ့နေတာထက် ဓာတ်ပုံတစ်ပုံက အများကြီးအဓိပ္ပာယ်ရှိပါတယ်။ ဓာတ်ပုံထဲကနေ ဖော်ပြချင်တဲ့ခံစားချက်တွေကို အကောင်းဆုံးမြင်တွေ့နိုင်ပြီး ကိုယ့်ရဲ့ခံစားချက်တွေပါ ပွင့်ထွက်လာနိုင်ပါတယ်။

အခုတစ်ခါ MyStyle Myanmar ကနေပြီး ဖော်ပြပေးသွားချင်ကတော့ ရှုပ်ထွေးလှတဲ့ ဒီကမ္ဘာလောကကြီးထဲမှာ ဘာအရောင်ကာလာမှမပါတဲ့ ဖြူစင်သန့်ရှင်းလှတဲ့ ချစ်ခြင်းမေတ္တာတရားတွေလည်း ရှိနေပါသေးလားဆိုတာကို နားလည်သဘောပေါက်သွားစေမယ့် ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။

တရားမဝင်ကျူးကျော်သူခိုးတို့ကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ကြံ့ကြီးအတွက် ဝမ်းနည်းပူဆွေးနေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အမျိုးသမီးဝန်ထမ်း

တက္ကစီသမားဦးလေးကြီးရဲ့ ကားသော့မှာ သူ့သမီးလေးရေးပေးထားတာလေးက ရင်ထဲထိစရာပါ

သူ့သမီးလေးရေးပေးထားတာက “ချစ်ရသော ဖေဖေ၊ သမီးတို့အတွက် အပင်ပန်းခံပြီး ကြိုးစားပမ်းစား ပိုက်ဆံရှာပေးနေလို့ ကျေးဇူးတင်ပါတယ်၊ ဖေ့ဖေ့ကိုအများကြီးချစ်ပါတယ်၊ ချစ်သမီးလေး Resi” (ဘာသာပြန်တာ အမှားပါခဲ့ရင် နားလည်ပေးပါ)

၂၀၁၅ ခုနှစ်တုန်းက Miss Thailand ဆုရရှိခဲ့တဲ့ အလှမယ်မှနေပြီး နှစ်ပေါင်းများစွာ အမှိုက်တွေစုကာ သူမကိုကျွေးမွေးပျိုးထောင်ခဲ့တဲ့ မိခင်ကို ထိုင်ကန်တော့နေပုံပါ

သစ္စာရှိတဲ့ အဖော်မွန်ရဲ့ နောက်ဆုံးခရီး

ဆုံးပါးသွားတဲ့ သားဖြစ်သူရဲ့ နှလုံးအစားထိုးပြီး ရှင်သန်နေတဲ့ ကောင်မလေးရဲ့ရင်ထဲက သားဖြစ်သူရဲ့နှလုံးခုန်သံကို နားထောင်နေတဲ့မိခင်

ဇနီးသည်ဆုံးပါးပြီး လအနည်းငယ်အကြာမှာ Emmy Award ရရှိခဲ့လို့ အောင်ပွဲခံနေတဲ့ သရုပ်ဆောင်နဲ့ လူရွှင်တော် Patton Oswalt

စိတ်ထဲမွန်းကြပ်နေလို့ အပြင်ထွက်ပြီး လမ်းခဏလျှောက်ချိန်မှာ ဒီလိုမြင်ကွင်းကို မြင်တွေ့လိုက်ရလို့ စိတ်ချမ်းသာမိပါတယ်၊ ကြင်နာတဲ့လုပ်ရပ်ပိုင်ရှင်ကိုလည်း ကျေးဇူးတင်ပါတယ်

ခင်ပွန်းသည်ဆုံးပါးသွားပြီဖြစ်ပေမယ့်လည်း နေ့စဥ်နေ့တိုင်း သူ့ဓာတ်ပုံလေးနဲ့အတူ ထမင်းစားနေတဲ့ အဘွား

အရမ်းချစ်ဖို့ကောင်းတဲ့ အဘိုးအဘွားစုံတွဲ

ဝှီးချဲသုံးနေရတဲ့သားလေးအတွက် ဟောလိုးဝင်းဝတ်စုံ အစိတ်အပိုင်းတစ်ခုအဖြစ် ဖန်တီးပေးခဲ့တဲ့ မိဘနှစ်ပါး

Photo credit reddit.com