“Friends”Series ကို ကြည့်ဖူးသူတိုင်းက တစ်ကြိမ်တည်းနဲ့ ကြည့်လို့မဝတဲ့အထိ Friends ဇာတ်လမ်းက ရသမျိုးစုံ ပေးစွမ်းနိုင်ပါတယ်။ ထွက်ရှိခဲ့တဲ့ Season 10 ခုလုံးမှာ ဇာတ်ကောင်တွေ ဝတ်ခဲ့တဲ့ ဖက်ရှင်စတိုင်တွေက သတိထားပြီး ကြည့်ရတဲ့အထိ ထူးခြားသစ်လွင်လှပါတယ်​။ ဇာတ်လမ်း ထွက်ခဲ့တာ ၁၀ နှစ် ကျော်ကြာပြီ ဖြစ်ပေမယ့် ဇာတ်လမ်းထဲက မင်းသမီးတွေရဲ့ ဖက်ရှင်စတိုင်တွေက သစ်လွင်နေဆဲ ဖြစ်ပါတယ်။ ပါဝင်တဲ့ အမျိုးသမီး ဇာတ်ကောင်တွေ ဖြစ်ကြတဲ့ Rachel, Phoebe , Monica တို့ဟာ သူတို့သွားနေကျ ကော်ဖီဆိုင်မှာ ဒိတ်လုပ်တဲ့အချိန်၊ အလုပ်သွားတဲ့အချိန်၊ ကောင်လေးတွေနဲ့ ဒိတ်လုပ်တဲ့အချိန်တွေမှာ ဝတ်တဲ့ အဝတ်အစားတွေက တစ်မျိုးစီ လှပြီး ထူးခြားနေလေ့ရှိပါတယ်။ ဒီထဲမှာတော့ သင်ကိုယ်တိုင် မင်းသမီးတွေလို ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူ လိုက်ဝတ်လို့ရမယ့် Outfit (၁၈) မျိုးကို ဖော်ပြလိုက်ပါတယ်။

ချမ်းစိမ့်စိမ့်နေ့တွေမှာ ဝတ်နိုင်မယ့် Phoebe ရဲ့ Outfit

အနက်ရောင် ဝမ်းဆက်လေးက လူငယ်ဆန်ပြီး ချစ်စရာကောင်းပါတယ်။

နာရေးမှာ စာဖိုမှူးနေရာက လုပ်ခဲ့ရချိန် Monica ဝတ်ခဲ့တဲ့စတိုင်

သနပ်ခါးရောင် Outfit လေးနဲ့

ပွဲတွေမှာ ဝတ်နိုင်မယ့် Monica ရဲ့ Red Dress

Phoebe ရဲ့ ထူးခြားတဲ့ အဖြူအနက် ဖက်ရှင်

Rachel အလုပ်သွားတဲ့အချိန် ဝတ်ခဲ့တဲ့ Green Outfit

Olive အရောင် ပေါ့ပေါ့ပါးပါး စတိုင်လေး

Animal Print ပါတဲ့ အင်္ကျီစတိုင် နှစ်သက်သူတွေအတွက်

ရိုးရှင်းပြီး ကျက်သရေရှိလှတဲ့ အဝတ်အစား စတိုင်

Denim သားနဲ့ ချစ်ဖို့ကောင်းနေတဲ့ Phoebe

မောင်လေးရဲ့ မမ Monica ဝတ်ခဲ့တဲ့ Sportswear

Monica အချိန်တိုင်းလိုလို ဝတ်လေ့ရှိတဲ့ အပြာရောင် ဂျင်းဘောင်းဘီနဲ့ အဖြူရောင် Sneaker

Rachel ဝတ်ခဲ့တဲ့ အင်မတန်လှတဲ့ အစိမ်းနုရောင် Dress

Phoebe ရဲ့ Boho Dress

Monica ဝတ်တဲ့ ဂျင်းဘောင်းဘီပြဲနဲ့ အင်္ကျီလက်ပြတ် အနီ

Rachel ရဲ့ ချစ်ဖို့ကောင်းတဲ့ ဝတ်ဆင်ပုံလေး

Phoebe ရဲ့ အညိုရောင် Dress နဲ့ ဘယ်တော့မှ မေ့မရမယ့် “My Eyes” Coat

ဘယ် Outfit ပုံစံမျိုးလေး သင်နမူနာ ယူမလဲ ပြောပြခဲ့ပါဦး။
Source: Brightside
By MyStyle Myanmar