ဗိုက်ချပ်ချင်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်မှကို ရမှာပါ။ လေ့ကျင့်ခန်းလုပ်မယ်ဆိုလည်း နေ့တိုင်း မပျက်မကွက် ပုံမှန်လုပ်သွားဖို့လိုပါတယ်။ ဒါမှ သိသာတဲ့ရလဒ်ကို ရရှိမှာပါ။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်အချိန်ပေးရုံနဲ့ ရက် ၃၀ အတွင်း ဗိုက်ချပ်သွားစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

လှေခါးပေါ်ကို တက်လိုက်ဆင်းလိုက်နဲ့ ၁၅ မိနစ်ပြည့်အောင် လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ခန္ဓာကိုယ်အဆီ၊ ဗိုက်အဆီ အကုန်ကျစေပါတယ်။

ထိုင်ခုံပေါ်မှာထိုင်ပြီး ပထမပုံမှာပြထားတဲ့အတိုင်း စလုပ်ပါ။ ပြီးရင် ဒုတိယပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို ဆန့်ထုတ်လိုက်ပါ။ အဲ့အတိုင်း အကြိမ် ၂၀ စီ ၃ ကျော့ ပြန်လုပ်ရပါမယ်။ ဒါဆိုရင် လုပ်ရမယ့် အကြိမ်အရေအတွက်က စုစုပေါင်း အကြိမ် ၆၀ ဖြစ်သွားမှာပါ။

ပုံမှာပြထားတဲ့အနေအထားအတိုင်း ထိုင်ခုံပေါ်မှာနေပြီး ခြေထောက်ကို အပေါ်မြှောက်လိုက်၊ အောက်ချလိုက် လုပ်ပေးရမှာပါ။

ကြမ်းပြင်မှာလှဲပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို အပေါ်မြှောက်ပါ။ ပြီးရင် ပြန်ချပါ။ အဲ့အတိုင်း အကြိမ် ၂၀ စီ ၃ ကျော့ ပြန်လုပ်ရပါမယ်။ ဒါဆိုရင် လုပ်ရမယ့် အကြိမ်အရေအတွက်က စုစုပေါင်း အကြိမ် ၆၀ ဖြစ်သွားမှာပါ။

ပထမပုံမှာပြထားတဲ့အတိုင်း စနေပြီး ဒုတိယပုံနဲ့ တတိယပုံထဲကအတိုင်း လက်ကိုဆန့်ထုတ်၊ လက်ဖဝါးနှစ်ဖက်ကိုစုပြီး ဘေးဘက်ကို ပို့ရမှာပါ။ ဘယ်၊ညာ တစ်လှည့်စီ ပြောင်းလုပ်ရမှာပါ။

Source: www.brightside.me