အားလုံးပဲမင်္ဂလာပါနော်။ ဒီနေ့ခေတ်မှာ အစားအသောက်တွေကြောင့် လူနေမှုLifestylesတွေကြောင့် မိန်းကလေးတွေရော ယောင်္ကျားလေးတွေရော အများအားဖြင့် ဗိုက်မှာ အဆီတွေစုပြီး ဗိုက်ခေါက်တွေရှိနေတတ်ကြပါတယ်နော်။

ဗိုက်မှာ အဆီတွေစုနေရင်တော့ အဝတ်စားဝတ်ရတာလည်း အဆင်မပြေသလို၊ ဘာဝတ်ဝတ် ဖက်ရှင်မကျသလို သက်တောင့်သက်သာမရှိသလို ခံစားကြရပါတယ်။

ဒီတော့ အစားအသောက်လေးတွေကိုလည်း အဆီလျှော့စားပြီး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားသုံးပေးမယ်ဆိုရင်တော့ ကိုယ်အလေးချိန်က အတော်ပဲဖြစ်မှာပါနော်။

ဒီလိုကိုမှ အဆီပိုမရှိ ချပ်ရပ်လှပတဲ့ ဗိုက်သားနဲ့ သွယ်လျတဲ့ခါးလေးကိုပိုင်ဆိုင်ချင်ရင်တော့ တစ်နေ့ကို အချိန်၁၅မိနစ်ပဲ့ပေးပြီး ဒီလေ့ကျင့်ခန်းတွေကို လိုက်လုပ်ပေးလိုက်ပါနော်..

၁။ V –Up

အိပ်ထမတင် သဘောမျိုးပါပဲနော်။ ခြေထောက်နှစ်ဖက်ကို ထောင်ထားပြီးတော့ လက်နှစ်ဖက်ကို ဆန့်ထားလိုက်ကာ ဗိုက်ကိုအားပြုပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွလိုက်ပါ။

တခါလုပ်ရင် ၁၂ ကြိမ် ၃ ကြော့လုပ်ပေးရပါမယ်နော်။

၂။ Alternate Reach and Catch

အခုပုံမှာပြထားသလိုပဲ ဒူးနှစ်ဖက်ကိုထောင်ထားမယ်။ ပြီးရင် ဗိုက်ကို အားပြုပြီး ခန္ဓာကိုယ်ကို ကြွလိုက်ကာ ဘယ်ဘက် ညာဘက်ကို ကြွပေးပါ။ ဒါဆိုရင် ဗိုက်သားဘေးက အဆီတွေလည်း ကျစေမှာဖြစ်ပါတယ်နော်။

ဘယ်ညာ တစ်ကြိမ်ကို ၁ လို့မှတ်ပါ။ ၁၂ ကြိမ် ၃ ကြော့လုပ်ပေးရပါမယ်။

၃။ Crunches

လေ့ကျင့်ခန်းလုပ်တဲ့ Balance Ball လေးပေါ်မှာ လှဲပြီး အိပ်ထမတင်လုပ်ပေးရမှာပါ။ ၁၂ ကြိမ် ၃ ကြော့လုပ်ပေးရမှာဖြစ်ပါတယ်နော်။

၄။ Plank with Hip Extension

အရင်ဆုံး Plank ပုံစံမျိုးထောက်ပေးထားပြီးတော့ ခြေထောက်ကို ကြွပေးလိုက်ပါ။ အသက် ၅ ခါရှူသွင်းရှူထုတ်လုပ်ပြီး နဂိုအတိုင်းပြန်နေပါ။ ပြီးရင် ကျန်တဲ့ခြေထောက်ကို ကြွပေးပါ။ ၁၂ ကြိမ် ၃ ကြော့ဖြစ်ပါတယ်နော်။

၅။ Scissor

အရင်ဆုံး ခြေထောက်ကို ကြမ်းပြင်နဲ့မထိအောင် ချပေးထားပြီး ခြေထောက်တစ်ဖက်ဆီကို မတင်ပေးရမှာပါ။ ဘယ်ညာကို ၁ လို့မှတ်ပါ။ ၁၂ ကြိမ် ၃ ကြော့လုပ်ပေးပါ။

၆။ Side Stretch

ခါးဘေးက အဆီတွေကျအောင် အခုပုံမှာပြထားသလိုလုပ်ပေးရပါမယ်။ ဘယ်ညာတစ်ခါကို ၁ ကြိမ်ပါ။ ၁၂ ကြိမ် ၃ ကြော့လုပ်ပေးရပါမယ်နော်။

Source:Brightside.me