အားလုံးပဲမင်္ဂလာပါ။ လူတိုင်းမှာ ဘဝတစ်ခုရှိပါတယ်။ ဒီဘဝကို ကောင်းအောင် ဆိုးအောင် လုပ်ပိုင်ခွင့်က ကိုယ့်လက်ထဲမှာရှိပါတယ်။ သင်က ဒီအချိန်ကံဆိုးနေခဲ့ရင်တောင် အမြဲတမ်း ကံဆိုးမနေပါဘူး။ လူတိုင်း ပျော်ရွှင်ချင်ကြပါတယ်။ ပျော်ရွှင်ဖို့ အတွက်ပဲ ကိုယ့်ဘဝပိုတိုးတက်ဖို့၊ ပိုကောင်းလာဖို့ ကြိုးစားသူတွေချည်းပါပဲ။ သင်က လက်ရှိအချိန်မှာ ပျော်ရွှင်ဖို့ ဒီအလေ့အကျင့်တွေကို ပိုင်ဆိုင်ထားသင့်ပါတယ်။

၁။ တစ်နေ့မှာ ကိုယ်လိုအပ်တဲ့ ရေပမာဏအတိုင်း သောက်ပေးပါ။

၂။ နေ့တိုင်း လှုပ်လှုပ်ရှားရှားနေမယ်လို့ ကိုယ့်ကိုကိုယ် ကတိပြုပါ။

၃။ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ အချိန်ပေးပါ။

၄။ သဘာဝတရားနဲ့ အနီးစပ်ဆုံးဖြစ်အောင် နေထိုင်ပါ။

၅။ အိပ်ယာမဝင်ခင် နာရီဝက်အလိုမှာ ဖုန်းတွေ၊ ကွန်ပြူတာတွေ လုံးဝမသုံးပါနဲ့တော့။

၆။ ညဘက် အိပ်ရေးဝအောင် အိပ်ပေးပါ။

၇။ ကိုယ့်အိမ်မှာချက်တဲ့ ထမင်းဟင်းကို ပိုစားပေးပါ။

၈။ ညစာစားပြီးနောက် အမြဲလမ်းလမ်းလျှောက်ပေးပါ။

၉။ ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။ အမြဲချီးကျူးအားပေးပါ။

၁၀။ ကျေးဇူးတင်စရာတွေကို ရှာဖွေပေးပါ။

၁၁။ ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးပါ။

၁၂။ တရားထိုင်ပေးပါ။

၁၃။ ဘယ်သူမှ မဝင်လာနိုင်တဲ့ သီးသန့်ကမ္ဘာလေး ထားပေးပါ။

၁၄။ မနက်တိုင်း အိပ်ယာသိမ်းပေးပါ။

၁၅။ မနက်နိုးတာနဲ့ ဖုန်းပွတ်တဲ့အကျင့်ကို ဖျောက်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar